သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, September 8, 2013

ငလျင်ကြောင့် နေအိမ် ပျက်စီး သွားသူများ အတွက် အသင့် ဆောက်ပြီး အိမ်များ တရုတ် လှူဒါန်းမည်


သပိတ်ကျင်းငလျင်ကြောင့် ပြိုလဲနေသော အဆောက်အအုံအချို့ ဓာတ်ပုံ - မျိုးမင်းဦး
သပိတ်ကျင်းနှင့် စဥ့်ကူးမြို့များတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်များ၊ အစိုးရဌာန
အဆောက်အအုံများကို တရုတ်နိုင်ငံမှ လှူဒါန်းသော အသင့်ဆောက်ပြီးအိမ်များဖြင့် ယခုလ ဒုတိယ
ပတ်အတွင်း စတင်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့
ဖြိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။

၎င်းအဆောက်အအုံများ ဆောက်လုပ်ရန် တရုတ်နိုင်ငံမှ လှူဒါန်းခြင်းဖြစ်ပြီး သုံးလအတွင်း အပြီးဆောက်
လုပ်ရန် စီစဉ်ထားကြောင်း မန္တလေးတိုင်း ဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဦး
ကျော်ကျော်လင်းက ပြောသည်။

လက်ရှိတွင် အသင့်ဆောက်ပြီး နှစ်ထပ်နေအိမ် အလုံး ၁၀၀ ကို ပြည်တွင်းပညာရှင်များဖြင့် စတင်
ဆောက်လုပ်နေပြီဖြစ်ပြီး သပိတ်ကျင်းမြို့ပေါ်မှ အစိုးရရုံးပေါင်းစုံ ၁၄ လုံးနှင့် မြို့တော်ခန်းမကိုမူ တ
ရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ယခုလ ဒုတိယပတ်အတွင်း လာရောက်တပ်ဆင်ပြသပြီးမှသာ စ
တင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဦးစီးမှူးဦးကျော်ကျော်လင်းက ဆိုသည်။

ပြန်လည်အစားထိုးဆောက်လုပ်ပေးမည့် အသင့်ဆောက်ပြီးအိမ်များ၏ မြေပေါ်ပိုင်း ဆောက်လုပ်ရာတွင်
ပါဝင်မည့်ပစ္စည်းများကို တရုတ်နိုင်ငံမှ လှူဒါန်းခြင်းဖြစ်ပြီး အဆောက်အအုံ၏ အခြေခံအုတ်မြစ်များကိုမူ
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကုန်ကျခံ ဆောက်လုပ်ခြင်းဖြစ်ကြောင်း အဆိုပါဌာနက သတင်း
ရရှိသည်။

တရုတ်နိုင်ငံအစိုးရက ယခုကဲ့သို့ ဆောက်လုပ်ရေးပစ္စည်းများကိုသာ တိုက်ရိုက်ပေးလှူခြင်းဖြစ်ကြောင်း၊
ယခု လှူဒါန်းသည့် ငွေကြေးပမာဏကိုလည်း တွက်ဆ၍ မရနိုင်ကြောင်း ဦးစီးမှူးဦးကျော်ကျော်လင်းက
ဆက်လက်ပြောသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် လှုပ်ခတ်ခဲ့သော သပိတ်ကျင်းငလျင်ကြောင့်
သပိတ်ကျင်းမြို့တွင် နေအိမ် ၈၄၉ လုံး၊ စဥ့်ကူးမြို့တွင် နေအိမ် ၈၆၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာသည်။

7day daily

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D