သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, September 8, 2013

မွန်ပြည်နယ် သံဃာများ မော်တော်ယာဉ်နှင့် ဆိုင်ကယ် မောင်းပါက အရေးယူမည်

မော်လမြိုင်၊ စက်တင်ဘာ ၆
လိုင်စင်မဲ့ယာဉ်များကို သံဃာများထံ လှူဒါန်းမှုများ ရှိနေသော မွန်ပြည်နယ် ၁၀ မြို့နယ်တွင် သံဃာတော်
များ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်ပါက စက်တင်ဘာလမှ စတင်ကာ အရေးယူမည်
ဖစ်ကြောင်း မွန်ပြည်နယ် သံဃ နာယက ဥက္ကဋ္ဌ ဆရာတော် အရှင် သာသနက The Voice သို့ မိန့်ကြား
သည်။

မော်တော်ယာဉ်မောင်းနှင်သည့် သံဃာတော်များကို မွန်ပြည်နယ် သာသနာတော် ထိန်းသိမ်းအရေးအဖွဲ့
ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ် ယာဉ်ထိန်း ရဲတပ်ဖွဲ့တို့က စိစစ် ဖမ်းဆီးသွားမည်ဖြစ်ပြီး ပထမအကြိမ် ဖမ်း
ဆီးခံရသည့် သံဃာများ လက်မှတ်ရေး ထိုးရမည် ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် ထမ်မံ ဖမ်းဆီးခံရပါက
မွန်ပြည်နယ် သံဃနာယက အဖွဲ့က ထုတ်ပြန်ထားသည့် စည်းကမ်း များအတိုင်း အရေးယူမည်ဖြစ်
ကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။

မွန်ပြည်နယ် အတွင်းတွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ စီးနင်းနေသည့် သံဃာ
အတုအယောင်များ ရှိနေခြင်းကြောင့် ယင်းသို့စီစဉ်ရခြင်း ဖြစ်ကြောင်း အရှင်သာသနက ဆိုသည်။

ဖမ်းဆီးခြင်းခံရသည့် သံဃာများကို မော်တော်ယာဉ် တည်ဆဲဥပဒေအရသာ အရေးယူသွားမည် ဖြစ်
ကြောင်း မွန်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လိုင်စင်မဲ့ ယာဉ်မောင်းနှင်သည့် သံဃာများကို သွင်းကုန်ထုတ်ကုန် ဥပဒေ ဖြင့် အရေးယူမည် ဖြစ်ကြောင်း
၎င်းက ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်တွင် ဘုန်းကြီးကျောင်း ၂၈၁၃ ကျောင်းနှင့် သံဃာပေါင်း ၇၇,၇၀၇ ပါးရှိကြောင်း မွန်ပြည်နယ်
သံဃနာယက အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D