သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, September 11, 2013

ကားဆင်းတွန်းခိုင်းပြီး သိန်း ၁၂၀ ငွေထုပ်ကို ယူပြေးသည့် ယာဉ်မောင်း

တက္ကစီယာဉ်မောင်းက ခရီးသည်ကို ကားဆင်းတွန်းခိုင်းပြီး ခရီးသည်၏ ကျပ်သိန်း ၁၂၀ ပါ ငွေထုပ်ကို မောင်းယူ
ပြေးသည်ဟုဆိုကာ အမှုဖွင့်တိုင်တန်းမှုတစ်ခုအား အင်းစိန်ရဲစခန်းက စက်တင်ဘာ ၉ ရက်တွင် အမှုဖွင့်
ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။


ယခုအမှုကို တိုင်တန်းသူမှာ အသက် ၄၀ နှစ်အရွယ် ကိုအောင်မိုးဆိုသူဖြစ်ပြီး ၎င်းသည် အုတ်သဲကျောက် ရောင်း ၀ယ်ရေး လုပ်ကိုင်သူဖြစ်ကြောင်း ရဲဌာနကအတည်ပြုထားသည်။

၎င်းသည် ထိုနေ့မွန်းလွဲ ၁ နာရီခန့်က နေအိမ်မှ ဘုရင့်နောင်ပွဲရုံဝင်းရှိ ကမ္ဘောဇဘဏ်မှ ငွေလွှဲရန် ငွေကျပ် သိန်း ၁၂၀ ကို အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်းထည့်လျက် အင်းစိန်ဈေးရှေ့မှ နံပါတ်မမှတ်မိသည့် အဖြူရောင် ပရိုဘောက်အငှားကားကို ငှားစီးခဲ့သည်ဟု တရားလိုက ရဲကိုထွက်ဆိုထားသည်။

ထို့နောက် ဘုရင့်နောင်သစ်တောရုံးရှေ့အရောက်တွင် တက္ကစီယာဉ်မောင်းက ကားပျက်သွားသဖြင့် ဆင်းတွန်းပေး ရန် ပြောသဖြင့် ကားငှားစဉ်ကတည်းက ကားပေါ်၌ပါလာသော ယာဉ်မောင်း၏ အဖော်က ဆင်းတွန်းပေးခဲ့ကြောင်း၊ ထိုသူဆင်းတွန်းသော်လည်းမရသဖြင့် ၎င်းကလည်းငွေထုပ်ကို ကားပေါ်တွင် ထားခဲ့ကာ ကူတွန်းပေးရန် ဆင်းခဲ့ကြောင်း တရားလိုကရဲကိုဆက်ပြောထားသည်။

ယင်းသို့ တရားလိုက ဆင်းတွန်းပေးမည်ဟု ကားပေါ်မှ ဆင်းလိုက်ချိန်တွင်ပင် ကနဦးက ကားတွန်းပေးနေသော အငှားယာဉ်မောင်း၏ အဖော်က ကားပေါ်ကို ပြေးတက်ကာ ကားမှာမောင်းထွက်ပြေးသွားပြီး ငွေထုပ်လည်း ပါသွားကြောင်း တရားလိုက ထွက်ဆိုထားသည်။

ထို့ကြောင့် ငွေကျပ်သိန်း ၁၂၀ ကို ခိုးယူထွက်ပြေးသွားသူ နှစ်ဦးကို ဖမ်းဆီးအရေးယူပေးပါရန် တရားလို ကိုအောင်မိုးက တိုင်တန်းသဖြင့် အင်းစိန်ရဲစခန်းကလည်း အမှုအမှတ် (ပ)၉၇၅/၂၀၁၃ဖြင့် အမှုဖွင့် ထားပြီး
ငွေခိုးပြေးသွားသူများကို လိုက်လံရှာဖွေနေသည်။

တရားလို၏အဆိုအရ ယာဉ်မောင်းသည် ဆံပင်တို၊ မျက်နှာဝိုင်း၊ ခန္ဓာကိုယ်ဝ၊ အသားဖြူသူဖြစ်ပြီး၊ ကားဆင်းတွန်း
ယောင်ဆောင်သော ယာဉ်မောင်း၏ အဖော်မှာ ဆံပင်တို၊ မျက်နှာသွယ်၊ ခန္ဓာကိုယ်ပိန်၊ အသားမဲပြီး အရပ်ခြောက်ပေခွဲခန့် ရှိကြောင်း ရဲမှတ်တမ်းတွင်တွေ့ရသည်။

ထိုသူများကို ဖမ်းမိလျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ဖြင့် တရားစွဲဆိုမည်ဟု ရဲဌာနကဆိုထားသည်။ ယခု
နှစ်ဆန်းပိုင်းတွင်လည်း ဘဏ်မှထုတ်လာသော ကျပ်သိန်း ၄၀၀ ပါသည့် ငွေထုတ်ကို တက္ကစီယာဉ်မောင်း ကမောင်းယူထွက်ပြေးသည့် အမှုတစ်ခုဖြစ်ပွားခဲ့ဖူးပြီး နောင်တွင်ရဲများက ခိုးယူသွားသည့် ယာဉ်မောင်းကို
ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။


From : ..mizzima

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D