သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, September 11, 2013

မြန်မာ အာဆီယံ ထိပ်သီးအစည်းအဝေး ၂၀၁၄ မေလဆန်းတွင် ကျင်းပမည်

Photo:
အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရမည် ဖြစ်သော မြန်မာနိုင်ငံသည် အာဆီယံ ထိပ်သီး အစည်းအဝေး ၂၀၁၄ ကို ၂၀၁၄ ခုနှစ် မေလဆန်းတွင် ကျင်းပရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ တွဲဖက်အထွေထွေ ဒါရိုက်တာ ဦးအောင်ထူးက The Voice သို့ ပြောကြားသည်။

အာဆီယံထိပ်သီး အစည်းအဝေး များကို ဧပြီသို့မဟုတ် မေနှင့် နိုဝင်ဘာလ သို့မဟုတ် အောက်တိုဘာလတို့တွင် အနည်းဆုံးနှစ်ကြိမ် ကျင်းပလေ့ရှိပြီး တစ်နှစ်လျှင် မြန်မာနိုင်ငံက ပထမနှစ်ဝက် ထိပ်သီးအစည်းအဝေးကို မေလတွင် ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

အဆိုပါအာဆီယံထိပ်သီး အစည်းအဝေးကို မေလ ၄ ရက် သို့မဟုတ် ၅ ရက်နေ့ တွင် ကျင်းပရန် စီစဉ်နေပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ညှိနှိုင်းလျက်ရှိကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
"ညှိလို့အဆင်ပြေရင် မေလထဲပဲ ဖြစ်အောင် လုပ်မှာပါ" ဟု ၄င်းက ထပ်လောင်းပြောကြားသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရမည့် နိုင်ငံဖြစ်သောကြောင့် (၂၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး အပါအဝင် အခြားထိပ်သီး အစည်းအဝေး လေးခုထက်မနည်း ကျင်းပမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

(၂၃) ကြိမ်မြောက် အာဆီယံဥက္ကဋ္ဌ အဖြစ် ထိပ်သီးအစည်းအဝေးကို ဘရူနိုင်း နိုင်ငံတွင် အောက်တိုဘာလ ၉ ရက် နှင့် ၁၀ ရက် နေ့တို့တွင် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ နိုင်ငံ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသည့် အာဆီယံထိပ် သီးအစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းနိုင်ငံက တာဝန် ယူခဲပြီး ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံက တာဝန်ယူခဲ့သည်။ ပထမဦးဆုံးသော အာဆီယံထိပ်သီး အစည်းအဝေးကို ၁၉၇၆ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပခဲ့သည်။

From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D