သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, September 11, 2013

MAI လေကြောင်းလိုင်း၏ အခမဲ့ စင်းလုံးငှား ခရီးစဉ်ဖြင့် စက်တင်ဘာ ၁၃ ရက်၌ မလေးရှားမှ မြန်မာအလုပ်သမား ၁၇၃ ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်

MAI လေကြောင်းလိုင်း၏ လေးကြိမ်မြောက် အခမဲ့ စင်းလုံးငှား ခရီးစဉ်ဖြင့် ၂၀၁၃၊ စက်တင်ဘာ ၁၃ ရက်၌ မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမား ၁၇၃ ဦး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သီတဂူဆရာတော် ဦးဆောင်သော သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ် လီမီတက်၏ ပူးပေါင်းလှူဒါန်းမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မြန်မာအလုပ်သမား ၁၇၃ ဦးအား MAI လေကြောင်းလိုင်းမှ အခမဲ့စင်းလုံးငှား လေယာဉ်ဖြင့် ပို့ဆောင်ပေးသွားမည် ဖြစ်သည်။

အဆိုပါ စင်းလုံးငှား လေယာဉ်သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၃ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည်ဟု သိရသည်။

"MAI လေကြောင်းလိုင်း အနေနဲ့ အခမဲ့ စင်းလုံးငှားခရီးစဉ် ပို့ဆောင်ဖြစ်တာ ဒါကလေးကြိမ်မြောက်ပါ။ စင်းလုံးငှား ခရီးစဉ် လေးကြိမ်မှာ မြန်မာအလုပ်သမား ၇၀၀ နီးပါးကို အခမဲ့ ပို့ဆောင်ခဲ့ပြီး ဖြစ်ပါတယ်" ဟု MAI လေကြောင်းလိုင်းမှ Marketing Manager မအေးမရသာက ပြောပြခဲ့သည်။

MAI လေကြောင်းလိုင်းသည် သီတဂူ ဆရာတော် ဦးဆောင်သော သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ် လီမိတက်၏ ပူးပေါင်းလှူဒါန်းမှုဖြင့် မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများကို လေယာဉ်လက်မှတ် ထက်ဝက်လျှော့ချရောင်း ချပေးခြင်း၊ အခမဲ့ ပို့ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့ရာ လေယာဉ်လက်မှတ် ထက်ဝက်လျှော့ချပေးသည့် ဈေးနှုန်းဖြင့် မြန်မာအလုပ်သမား ၃၀၀၀ ကျော်၊ အခမဲ့ စင်းလုံးငှား ခရီးစဉ်ဖြင့် မြန်မာအလုပ်သမား ၇၀၀ နီးပါးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံအတွင်း တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် ဖမ်းဆီးနေမှုကြောင့် မြန်မာနိုင်ငံသားများ အပါအ၀င် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေရှ့်၊ နီပေါ၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား စသည့်နိုင်ငံများမှ တရားမ၀င် အလုပ်သမားများ ဖမ်းဆီးခံနေရကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၇ ရက် ည ၁၁ နာရီခန့်က မလေးရှားနိုင်ငံ ပီနန်မြို့ တစ်ဖက်ကမ်းရှိ တမန်လပန်ငီး မြို့နယ်အတွင်းရှိ တိုက်ခန်းများတွင် တရားမ၀င် နေထိုင်ကြသူများကို ၀င်ရောက်ဖမ်းဆီးစစ်ဆေးရာ အသက် (၂၀)အရွယ် မြန်မာနိုင်ငံသားတစ်ဦးမှာ ၎င်းနေထိုင်ရာ ရှစ်ထပ်တိုက်ပေါ်မှ ခုန်ချထွက်ပြေးသဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။


From : ..eleven
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D