သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, June 26, 2013

ပြင်ဦးလွင်မှ လူမဆန်တဲ့ ပုံပြင်လေးတစ်ပုဒ်

ပြင်ဦးလွင်မြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သီဟက ခိုင်ဝတ်ရည် သန္တာမောင်(ခ) သဲသဲ ဆိုတဲ့ အမျိုးကောင်း အမျိုးသမီးလေးကို လက်ထပ်ယူမယ်လို့ ယုံလောက်အောင်ပြောပြီး ကာမကို လိမ်ညာ ယူခဲ့သတဲ့။ အဲဒီ အမျိုးသမီးလေးမှာ ကိုယ်ဝန် ရှိတဲ့အခါ
တာဝန် မယူနိုင်လို့ ကိုယ်ဝန်ဖျက်ချဘို့ ပိုက်ဆံပေး ခဲ့တယ်။ မိခင်စိတ်ရှိတဲ့ ခိုင်ဝတ်ရည် သန္တာမောင်က ကျော်သီဟခိုင်းတဲ့အတိုင်း ကိုယ်ဝန်ကိုဖျက်မချဘဲ လောကဓံကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ပြီး သားယောင်္ကျားလေး တစ်ယောက် မွေးဖွားခဲ့တာ အခုဆိုရင် အဲဒီကလေးက (၁၄)နှစ် သားအရွယ် ရောက်နေပြီဖြစ်ပါတယ်။ အဲဒီကလေးနဲပတ်သက်ပြီး မိခင်ဖြစ်သူက သူ့သားလေး လူ့လောက အလယ်မှာ အဖေခေါ်စရာမရှိ ဖြစ်မှာစိုးလို့ ကျော်သီဟကို ဖခင် အဖြစ် မြွက်ဟကြော်ညာပေးဖို့ တောင်းဆိုတာ လူစိတ် မရှိတဲ့ ကျော်သီဟက လက်မခံလို့ အခု ဆိုရင် ပြင်ဦးလွင် ခရိုင်တရားရုံးမှာ အမှု ရင်ဆိုင်နေရတယ်လို့ သိရတယ်။


တိရစ္ဆာန်တောင်မှ ကိုယ့်သားသမီးကို ချစ်တဲ့စိတ်၊ စောင့်ရှာက်လိုတဲ့စိတ် အပြည့်ရှိတာ အားလုံး သိကြပြီးဖြစ်ပါတယ်။ အခုဖြစ်စဉ် အရဆိုရင် ကျော်သီဟ ဟာ တိရစ္ဆာန်လောက်တောင်မှ အသုံးမကျတဲ့ သူအဖြစ် ပြင်ဦးလွင် မြို့သူ/ သားတွေက နှာခေါင်းရှုံ့ကုန်ကြပြီ။ အဲဒီလို ကိုယ့်လုပ်ခဲ့ တဲ့ ကိုယ့်တာဝန်ကိုတောင် မယူနိုင်တဲ့ ၊ ယူချင်စိတ် မရှိတဲ့ တိရစ္ဆာန်လောက်တောင် မေတ္တာတရား မထားတတ်တဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံနေတဲ့လူကို NLD ပါတီက ပြင်ဦးလွင် မြို့နယ် အတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ အရေးအရာ ကိစ္စတွေကို တာဝန်ယူ ၊ တာဝန်ခံ ဆောင်ရွက်ဖို့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် ခဲ့တယ်။ဒီလို ကိုယ့်တာဝန်ကိုတောင် မယူတတ်တဲ့ ကျော်သီဟလို လူက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဖြစ်နေတော့ ပြင်ဦးလွင် မြို့သူ/သားတွေအနေ နဲ့ သူတို့ပေးလိုက်တဲ့ မဲတွေ အတွက် အရမ်းနှမြောနေကြပြီ။ မှားမှန်းလည်း သိနေကြပြီ။ ဒီလိုလူမျိုးကို အားကိုးလို့ မရမှန်းလည်း သိကုန်ကြပြီ။


လူ့အခွင့်အရေး မရှိဘူး ၊ တရားဥပဒေစိုးမိုးမှု မရှိဘူးလို့ တွင်တွင်အော်နေတဲ့ NLD ပါတီရဲ့ ဗဟို ဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်လည်း ကျော်သီဟ ကိစ္စကျတော့ ဘာဖြစ်လို့ နှာစေးနေတာလဲ။ ခိုင်ဝတ်ရည် သန္တာမောင်ကို မိန်းမချင်း ကိုယ်ချင်းစာစိတ် နည်းနည်း လေးမှမရှိတော့ဘူးလား?။ ဒီပါတီ ၊ ဒီကိုယ်စားလှယ်တွေကို (၂၀၁၅)မှာ မဲပေးသင့် ၊မသင့် မဲဆန္ဒရှင် ပြည်သူတွေ စဉ်းစားသင့်ပြီ။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D