သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 23, 2013

ပြည်တော်ပြန် စစ်ဘေးရှောင် ဒုက္ခသည်များကို အလုပ်အကိုင် ပေးမည်ဟု ဦးအောင်မင်းဆို

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် နယ်စပ်ဒေသများနှင့် တတိယနိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်နေသည့် ဒုက္ခသည်များ မြန်မာနိုင်ငံ ပြန်လာမည် ဆိုပါက အလုပ်အကိုင် ဖန်တီးပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

 ရန်ကုန်မြို့တော်ရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် ဇွန်လ ၂၁ ရက်နေ့က ကျင်းပ ပြုလုပ်သည့် ကမ္ဘာ့ ဒုက္ခသည်များနေ့တွင် သမ္မတရုံးဝန်ကြီးလည်း ဖြစ်သူ ဦးအောင်မင်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
 အဆိုပါ ဒုက္ခသည်များ အလုပ်အကိုင် ရရှိစေရန် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

၎င်းတို့ ပြန်လာပါက မူလနေထိုင်ရသည့် နေရာများတွင် မြေမြှုပ်မိုင်း ရှင်းလင်းရေး၊ နေအိမ်များ ဆောက်လုပ်ပေးရေး၊ အစားအစာ လုံခြုံမှု ရရှိစေရေး ဆောင်ရွက်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ဦးအောင်မင်းက ဆိုသည်။
 “အရင်က ဒုက္ခသည် ဆိုတာကို အစိုးရက အသိအမှတ် မပြုဘူး၊ အခုအသိ အမှတ်ပြုတယ်။ ဒီနေ့လုပ်တဲ့ World Refugee Day ကလည်း မြန်မာနိုင်ငံမှာ ပထမဆုံးလုပ်တဲ့ အမှတ်တရပါပဲ” ဟု ၎င်းကထပ်မံ ပြောကြားသည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် စစ်ဘေးကြောင့် ပြည်တွင်း နေရပ်စွန့်ခွာသူ (Ierternal Displaced Persons) များရှိရာ ရှမ်းပြည်နယ်တွင် တစ်သိန်းနှစ်သောင်း ငါးထောင်ကျော်၊ ကယားပြည်နယ်တွင် သုံးသောင်း လေးထောင်ကျော်၊ ပဲခူးတိုင်းဒေသကြီးတွင် လေးသောင်း လေးထောင်ကျော်၊ ကရင်ပြည်နယ်တွင် ရှစ်သောင်း ကိုးထောင်ကျော်၊ မွန်ပြည်နယ်တွင် သုံးသောင်းငါးထောင်၊ တနင်္သာရီ တိုင်းဒေသကြီးတွင် ခုနှစ်သောင်းကျော် ရှိကြောင်း ဒုက္ခသည်များကို စစ်တမ်း ကောက်ယူထားသော The Border Consortium အဖွဲ့ထံမှ သိရသည်။

ပြည်ပရောက် ဒုက္ခသည်များ၊ ပြည်တွင်းနေရပ် စွန့်ခွာသူများ အနေနှင့် မူလနေရာသို့ ပြန်လာရန် စိုးရွံ့သည့် အချက်များအနက် အဓိက အခက်အခဲမှာ မြေမြှုပ်မိုင်း ပြဿနာ ဖြစ်ပြီး၊ မိမိတို့ နေရာများတွင် အခြားသူများ ဝင်ရောက် နေထိုင်ခြင်းကြောင့် နေရာပျောက်ဆုံးခြင်း၊ အပစ်အခတ် ရပ်စဲရေးကာလ ဖြစ်သော်လည်း နယ်မြေ တည်ငြိမ်မှုအပေါ် ယုံကြည်မှု မရှိခြင်း၊ အသက်မွေး လုပ်ငန်းများ ပြန်လည် ထူထောင်ရန် ခက်ခဲမည်ကို စိုးရိမ်ခြင်းစသည့် စိုးရိမ်မှုများ ရှိနေကြောင်း CIDKP (Committee For Internally Displaced Karen People) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်.


From : ..the  voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D