သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 23, 2013

ဒီတစ်သက် ဘယ်တော့မှ မလေးကို ပြန်မသွားတော့ဘူးဟု မလေးမှ ပြန်ရောက်လာသူ ဆို

ဇွန်လ ၂၃ ရက် ၂၀၁၃

“ဒီတစ်သက် ဘယ်တော့မှ မလေးကို ပြန်မသွားတော့ဘူး။ ကျွန်တော့ရှေ့မှာ မလေး သွားမယ့်သူတွေ ရှိရင်လည်း ရအောင် တားသွားမယ်”ဟု ယမန်နေ့က မလေးမှ မြန်မာနိုင်ငံသို့ ဒဏ်ရာများဖြင့် ပြန် လည်ရောက်လာခဲ့သူ ရခိုင်ပြည်နယ် ရသေ့တောင်မြို့ ကျောက်ရန်သာစည်ရွာမှ ကိုဝေအောင်သိန်း က ပြောကြားသည်။



၎င်းသည် လွန်ခဲ့သည့် တစ်နှစ်ခန့်မှစ၍ မလေးရှားသို့ အောက်လမ်းမှ အလုပ်သွားလုပ်ခဲ့သူ တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ၆ ရက်က ညဘက် အဆောင်၌ အိပ်နေစဉ် အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုင်ခြင်းကို ခံခဲ့ရကြောင်း၊ ယင်းနောက် လည်ပင်းကို ကြိုးနဲ့ဆွဲကာ ခေါင်းကို ဓါးညှောင့်ဖြင့် အထုခံခဲ့ရပြီး လက်ကို ဓါးဖြင့် အခုတ်ခံခဲ့ရကြောင်း၊ အကြမ်းဖက်သမားများလက်မှ ထွက်ပြေးပြီးနောက်ပိုင်း ရေနုတ်မြောင်းထဲသို့ ဝင်ပုန်းရင်း သတိလစ်သွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ စက်ရုံက အဆောင်မှာ မြန်မာလုပ်သား အားလုံး ၆ ယောက်ရှိတယ်။ အခင်းဖြစ်တဲ့ညက ကျွန်တော်တို့ တအားအော်ကြတာပဲ။ ကျွန်တော်တို့ ဘေးဆောင်မှာ ဘင်္ဂါလားက အလုပ်သမား ၁၈ ယောက် နေတယ်။ တစ်ယောက်မှ မနိုးကြဘူး။ အကြမ်းဖက်သူတွေထဲမှာ စက်ရုံထဲကလည်း ပါမယ် ထင်တယ်”ဟု ယင်းက ဆက်လက် ပြောကြားသည်။

ယင်းမြန်မာအလုပ်သမား ၆ ဦးသည် မလေးရှားနိုင်ငံ ကွာလာမြို့ ဆူပန်ပါဆာ ဝါယာစက်ရုံတွင် အလုပ် လုပ်ကြသူများ ဖြစ်ပြီး အခင်းဖြစ်သည့်ညတွင် ဝင်ရောက်အကြမ်းဖက်သူ စုစုပေါင်း ၆ ဦးဖြစ်ပြီး မျက်နှာဖုံး များ စွတ်၍ ဓါးတစ်လက်စီ ကိုင်ထားကာ မီးသတ်ဆေးဘူးများလည်း ပါကြောင်း ယင်းအကြမ်းဖက်မှုကြောင့် လက်တွင် ဓါးဒဏ်ရာ ၂ ချက် ရရှိခဲ့သူ ကိုခင်မောင်ဝင်းက ပြောကြားသည်။

“ကျွန်တော်တို့ ပြန်လာချိန်ထိ မလေးမှာ ဆူပူမှုတွေ ဖြစ်နေတုန်းပဲ။ နေ့တိုင်း မသေတဲ့သူ မရှိသလောက်ပဲ။ မလေးရဲတွေကလည်း ကုလားဆိုရင် မဖမ်းဘူး။ ဗမာပြည်က သူတွေဆိုရင် ပတ်စပို့ ရှိရှိ၊ မရှိရှိ ဖမ်းတယ်။ ပတ်စပို့ရှိတယ် ဆိုရင်တော့ ပြန်ပို့ပေးတယ်”ဟု ကိုဝေအောင်သိန်းက ပြောကြားသည်။

ယခုလက်ရှိ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသို့ ပြန်လာချင်သည့် မြန်မာလုပ်သားများ အနေဖြင့် လက်ထဲ တွင် ပိုက်ဆံမရှိခြင်း၊ ပတ်စပို့မရှိသည့်အတွက် အပြင်သွားရန် ခက်ခဲခြင်းတို့ကို အဓိကကြုံတွေ့နေရကြောင်း သိရသည်။

“ခုဆိုရင် မလေးက ဗမာတွေက သံရုံးကိုတောင် ကားနဲ့ မသွားရဲကြဘူး။ ကုလားတွေက လမ်းမှာ ရဲ ဟန်ဆောင်ပြီး ဖမ်းတာတွေလည်း ရှိတယ်။ ဒါကြောင့် တချို့လည်း အပြင်မသွားဝံ့ကြတာတွေ ရှိတယ်” ဟု ယင်းက ဆက်လက် ပြောကြားသည်။

အကြမ်းဖက်ခံရသည့် မြန်မာလုပ်သား ၆ ဦးတွင် ပတ်စပို့ မရှိဘဲ မလေးသို့ အောက်လမ်းမှ ထွက်သွားခဲ့ကြခြင်းဖြစ်ပြီး တချို့မှာ မလေးရှားနိုင်ငံသို့ ရောက်သည်မှာ ၂ လပင် မပြည့်သေးကြောင်း၊ ယခု ပဋိပက္ခများကြောင့် မလေးမှ ပြန်လာခဲ့ကြသော်လည်း ထွက်သွားစဉ်က အကြွေးများပင် မကျေသေးကြောင်း သိရသည်။

“ပြဿနာတွေ အများစုက ဆာလာရမ်းမှာ အဓိက ဖြစ်တယ်။ ခုအခြေအနေမှာ ကျွန်တော်တို့ သိ သလောက် အဲလောက် ပြဿနာမကြီးဘူး။ မလေးရှားမှာ အဓိက ဖြစ်နေတာက over stay ပြဿနာပဲ။ ဒဏ်ရာရတဲ့သူလည်း ရှိသလို သေတဲ့သူလည်း ရှိတယ်။ အဲဒီ over stay သမားတွေကို အတက်နိုင်ဆုံး ဒီကို ပြန်ပို့ပေးဖို့ ကြိုးစားသွားမယ်” ဟု ဧရာဝတီဖောင်ဒေးရှင်းမှ Public Relation Director ဖြစ်သူ ကိုရဲမျိုးဟိန်းက ပြောကြားသည်။

မလေးရှားနိုင်ငံရှိ နောက်ထပ် ပြဿနာတစ်ခုမှာအလုပ်သမား ပြဿနာဖြစ်ပြီးယင်းပြဿနာကို ဖြေရှင်း
ရန်မှာ နှစ်နိုင်ငံ အစိုးရ နှစ်ဦးနှစ်ဘက် ညှိနှိုင်းဖြေရှင်းမှသာ ပြေလည်နိုင်မည်ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

“မလေးမှာ အလုပ်လုပ်ရတာနဲ့ မြန်မာပြည်မှာ လုပ်ရတာ နေရာသာ မတူတာ။ ပိုက်ဆံရတာချင်းကျတော့ တူတူလောက်ပါပဲ။ ဒီလိုတွေ မဖြစ်လဲ ကျွန်တော်က ၁၀ လပိုင်းလောက် ပြန်ဖို့ စဉ်းစားထားပြီးသားပါ။ ခု မြန်မာပြည် ပြန်ရောက်မှပဲ ကောင်းကောင်း အိပ်ပျော်တယ်။ ဟိုမှာ နေခဲ့တဲ့ အချိန်တွေ တစ်ရက်မှ ကောင်းကောင်း အိပ်ပျော်တယ်ဆိုတာ မရှိခဲ့ဘူး”ဟု ရသေ့တောင်မြို့နယ် ကျောက်ရန် သာစည်ရွာမှ ရွာသားတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ အောက်လမ်းမှ သွားမည်ဆိုပါက အချိန် ၂ ပတ်ခန့် ကြာမြင့်မည်ဖြစ်ပြီး အကြမ်းဖက်မှုများ စတင်ဖြစ်ပွားသည့် ဆာလာရမ်းနှင့် ကွာလာမြို့မှာ ကားနှင့်သွားမည် ဆိုပါက ၂ နာရီခန့် သာ ကြာမြင့်ကြောင်း သိရသည်။

ရည်မွန်

မြန်မာ့ခေတ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D