သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, June 26, 2013

ပီအာစနစ် မြန်မာနိုင်ငံအတွက် စောနေသေးကြောင်း သမ္မတ မှတ်ချက်ပြု


ရွေးကောက်ပွဲစနစ် ပြောင်းလဲရန် လွှတ်တော်သို့ တင်ပြထားသော အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ် (PR) သည် မြန်မာနိုင်ငံတွင် ကျင့်သုံးရန် အချိန်စောနေသေးသည် ဟု နိုင်ငံတော်သမ္မတက မှတ်ချက်ပြုကြောင်း သတင်းရရှိသည်။ “သမ္မတကြီးကိုယ်တိုင်ကတော့ ပီအာစနစ် ကျင့်သုံးဖို့ အချိန်စောသေးတယ် မှတ်ချက်ချတယ် လို့ သတင်းကြားတယ်။ ဒီသတင်းကို ကြိုက်တယ်” ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေဆိုင်ရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ဇွန် ၂၅ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

လက်ရှိ ကျင့်သုံးနေသော ရွေးကောက်ပွဲစနစ်ကို ပီအာစနစ်အဖြစ် ပြောင်းလဲရန် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ၂၀၁၂ ခုနှစ်ကတည်းက အကြံပြုခဲ့ရာ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူရန် ပြီးခဲ့သည့် မေလ အတွင်း ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ပြီး ဖြစ်သည်။ ယခုကျင်းပနေသည့် လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးသင့်၊ မသင့်အတွက် ဆွေးနွေး၍ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုပေးရမည် ဖြစ်သည်။ အကယ်၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပီအာစနစ်ကို ကျင့်သုံးမည်ဆိုပါက ပြင်ဆင်နိုင်ရန် ၂၀၁၃ ခုနှစ်မကုန်မီ အဆုံးအဖြတ် ပေးရမည်ဖြစ်ကြောင်း ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်နှင့် နိုင်ငံရေးပါတီများသို့ အသိပေး အကြောင်းကြားထား သည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြထားပါသည်။

Khit Lu Nge

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D