သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, June 26, 2013

မြန်မာအမျိုးသမီး ၁၃ ဦး ထိုင်းမှာ အဓမ္မပြည့်တန်ဆာဘဝက လွတ်မြောက်


ထိုင်းမြန်မာနယ်စပ် ရနောင်းမြို့မှာ ပြည့်တန်ဆာ အဖြစ် အတင်းအကြပ် စေခိုင်းခံ ထားရတဲ့ မြန်မာ အမျိုးသမီး ၁၃ ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ (AHTD)က ကယ်တင်နိုင်ခဲ့ပြီး၊ အဲဒီအမျိုး သမီးတွေကို ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် Chonthipaporn ချွန်သီပါပွန်ဆိုသူ ထိုင်းအမျိုးသမီးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ကယ်တင်ခံခဲ့ရတဲ့ မြန်မာအမျိုးသမီးတွေထဲမှာ အသက် ၁၈ နှစ်အောက် ၄ ဦးပါဝင်ပြီး၊ ရနောင်းမြို့ ခေါင်နီဝပ် (Khao Niwet) မှာရှိတဲ့ DD အပန်းဖြေ ဂေဟာကနေ ကယ်တင်နိုင်ခဲ့တာဖြစ်ကြောင်း AHTD အကြီးအကဲ ရဲမှူးချုပ် ချာဝလစ်က ပြောပါတယ်။

အဲဒီ မြန်မာအမျိုးသမီးတွေနဲ့ တွေ့ဆုံပြီး စကားပြောဆိုခွင့်ရခဲ့သူတစ်ဦးက RFA ကို အခုလို ပြောပါတယ်။
"ရနောင်းကနေပြီးတော့ သူတို့ကို ထိန်းသိမ်းခံထားရတာပါတဲ့၊ သူတို့ ၁၃ ယောက်ရှိတယ်တဲ့၊ ဒီဒီ ကာရာအိုကေဆိုင်တဲ့၊ သူတို့ပြောပြချက်ပေါ့နော်၊ သူတို့ ၁ နာရီကို ၅ဝဝ ရတယ်၊ ၃ဝဝ ကို ပိုင်ရှင်ကဖြတ်တယ်၊ အဲမှာ ထမင်းဖိုးတို့၊ အခန်းစရိတ်ဖိုးတော့ ဘာတို့ဖြတ်တယ်ပေါ့နော် အဲလိုမျိုးပြောတယ်”

အဲဒီ ၁၃ ဦးထဲက အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၄ ဦးဟာ ပြည့်တန်ဆာအဖြစ် အတင်းအကျပ် စေခိုင်းခံခဲ့ရတယ်လို့ပြောပါတယ်၊ဒါကြောင့် ဖမ်းဆီးခံထားရတဲ့ ထိုင်းအမျိုးသမီးကို အရွယ်မရောက်သေးသူတွေကို ပြည့်တန်ဆာအဖြစ်စေခိုင်းမှု၊ တရားမဝင် နိုင်ငံခြားသားလက်ခံမှုတွေနဲ့ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

ရနောင်းခရိုင် အုပ်ချုပ်ရေးမှူးကတော့ ဒီလူကုန်ကူးမှုမှာ အာဏာပိုင်တွေ ပါဝင် ပတ်သက်တာ မတွေ့ရှိရကြောင်း၊ အကယ်၍ ပတ်သက်တယ်လို့ စစ်ဆေးတွေ့ရှိရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ် လို့ ပြောဆိုကြောင်းလည်း ထိုင်းသတင်းတွေက ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ကလည်း တက်ခ်ခရိုင်၊ မဲဆောက်မြို့မှာ ပြည့်တန် ဆာအဖြစ် စေခိုင်းခံနေရတဲ့ အသက် ၁၈ နှစ်အောက် မြန်မာအမျိုးသမီးငယ် ၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး၊ ဒီအမှုမှာ ပါဝင် ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ ပါသေးတယ်။

From:RFA

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D