သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 23, 2013

ဒီလိုတိုက်ခိုက်တဲ့ အတွက်တော့ တုန်လှုပ်သွားမှာ မဟုတ်ဘူး

''ကလောင်ကိုင်နေတဲ့ ဆရာတော် တစ်ပါးကိုအကြမ်းဖက် သမားလို့ပြောရဲတာဟာ အတော်အံ့သြဖို့ကောင်းတယ်။

ဒီလိုတိုက်ခိုက်တဲ့ အတွက်တော့ တုန်လှုပ်သွားမှာ မဟုတ်ဘူး။

ပြောချင်တာက ဘားမားဘင်လာဒင်ဆိုပြီးနှိုင်းတဲ့ကိစ္စ၊ ဘင်လာဒင်တို့ လက်တွေကသွေးစွန်းနေတဲ့ လက်တွေဖြစ်တယ်။

ဦးဇင်းတို့ လက်တွေကအင်မတန် စင်ကြယ်တဲ့လက်တွေ ဖြစ်တယ်။

ခြင်္သေ့ကိုမြေခွေးနဲ့ နှိုင်းလိုက်သလို အင်မတန်ရိုင်းတဲ့ဥပမာပဲ။

အခု ဦးဇင်းတို့လုပ်နေတာ ကာကွယ်ရေး သက်သက်သာ ဖြစ်တယ်။

တိုက်ခိုက်ရေးလုံးဝမပါဘူး။ အမေရိကန်က အီရတ်ကိုဝင်တိုက်တာက အမေရိကန်ရဲ့အမျိုးသား လုံခြုံရေးအတွက်ဖြစ်တယ်။

သူ့နိုင်ငံ၊ သူ့လူမျိုးအတွက် အခြားနိုင်ငံတွေကို ကျူးကျော်ပြီးတိုက်ခိုက်ချေမှုန်း နေတာပဲ။

ဦးဇင်းတို့က ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက် ဥပဒေတွေ ထုတ်ပြန်ပြီးကာကွယ်တာ အစွန်းရောက်တာလား။

တရားဟောပြီးကိုယ့်လူမျိုး ကိုယ်ချစ်တတ်ဖို့၊ကိုယ့်သာသနာကိုထိန်းသိမ်းဖို့၊ စောင့်ရှောက်ဖို့ ဟောနေတာတွေက အကြမ်းဖက်တာလား။

ဦးဇင်းအနေနဲ့ လာပြီးတော့ အင်တာဗျူးတဲ့ လူတွေကိုရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေရှိတယ်။

ဒါမှသူတို့လိမ်တာ ပြုတာရှိရင် အမေးအဖြေ လုပ်ထားတဲ့မှတ်တမ်းတွေ ပြန်တိုက်ကြည့်လို့ရအောင်ပါ။

အခု တိုင်းမ်မဂ္ဂဇင်းနဲ့ အင်တာဗျူးလုပ်ထားတဲ့ ဗီဒီယိုဖိုင်ကို အင်တာနက်ကိုတင်ဖို့ လုပ်နေပါတယ်။

သူတို့က မေးမြန်းထားတာကိုလည်းမရေးဘူး။

ဖြေထားတာကိုလည်းမရေးဘူး။ သူတို့သုံးထားတဲ့ ဓာတ်ပုံက ဦးဇင်းကို ကြောက်စရာ ကောင်းတဲ့ပုံစံ ဖြစ်အောင်ပြင်ပြီးတော့လုပ်ထားတာပါ''ဟုဦးဝီရသူ က မိန့်ကြားခဲ့သည်။
FROM-THE DAILY ELEVEN

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D