သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 23, 2013

မလေးရှားရောက်မြန်မာများအတွက်-စိတ်ပျက်စရာ မြန်မာအေးဂျင့် များထဲမှအေဂျင်စီတစ်ဦး

သက်ဆိုင်ရာ လူကြီးများမှ ကျွန်တော် ကျွန်မ တို့ ရဲ့ အခက်အခဲကိုယ် ကူညီ ဖြေရှင်းပေးကြပါလို့ အသနားခံတင်ပြ အပ်ပါတယ်။

ကျွန် တော်တို့ မလေးရှားနိုင်ငံ မှာ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သည်မှာ (၆) နှစ် ကျော် ခဲ့ ပါပြီ၊ မြန်မာနိုင်ငံမှ တရား ၀င် သွားရောက်အလုပ်လုပ်ကိုင် ခဲ့ ပြီး အလုပ်လုပ်နေသည့် စက်ရုံမှာ ကျွန်တော်တို့ ရောက်ရှိပြီး (၂)နှစ်ခန့်တွင် စီပွားရေး ကျသဖြင့် စက်ရုံကိုယ် ပိတ်လိုက် ရာ ကျွန် တော်တို့ မြန်မာ အလုပ်သမား (၄၀) ကျော်ခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့ ပါတယ်


စက်ရုံက တာဝန်ရှိသူတွေကလည်း၊ အလုပ်မပေးနိုင်တော့ သဖြင့် ပြန်ပို့ မည် လုပ်ရာ၊ အချို့ လည်း စက်ရုံစရိတ်ဖြင့် မြန် မာနိုင်ငံသို့ ချောမောစွာရောက်သွားသလို ကျွန် တော် တို့ ကတော့ မပြန်ပဲ ပတ်စ်ပိုစ်အရှုံးခံကာ အိုဗာ စတေးဖြင့် အခြား တွင် အလုပ်ရှာ လုပ်ခဲ့ ပါတယ်။ အဲ့ ဒီလို အလုပ်လုပ်နေရင်မှ လွန် ခဲ့ သည့် ၂ နှစ် ၀န်းကျင်ခန့်က မလေးရှား နိုင်ငံ တွင်၊ တရား မ၀င်နေထိုင် သူများ ကိုယ် (6) P ပြုလုပ်ပြီး သံရုံး မှ စာအုပ်ထုပ်ယူကာ တရားဝင် အလုပ်လုပ်ခွင့် ပါမစ်များပေးမည်း အစီစဉ်စတင်ခဲ့ သောကြောင့် ကျွန် တော် တို့ တွေ အားလုံးက၊ မလေးရှားနိုင်ငံ၊ကွာလမ်ပူမှာ ရှိသည့် မဟာနန်း လုပ်ငန်းစု သို့ (6)P နှိပ်ပြီး ပတ်စ်ပိုစ် စာအုပ်နှင့် ပါမစ် အပြီး လုပ်ပေးရန် အလုပ်အပ်ခဲ့ ပါသည်။ မြန်မာ နိုင်ငံ ကူးလက်မှတ်အတွက်၊ သံရုံး သွားစရာ မလို ဟုဆိုကာ ရင်းဂစ်မလေးရှား (၈၅၀) ပေးရပါသည်၊ နောက်ဆုံး တော့ (၈၅၀) ပေး ထားပြီး ကျွန် တော် တို့ ကိုယ် တိုင် မြန်မာ သံရုံး တွင် နိုင်ငံကူးလက်မှတ်သွားလျှောက်ရပါသည်။ ထိုသို့ မြန်မာ နိုင်ငံ ကူးလက်မှတ်များ ထုပ်ယူ ပြီး မဟာနန်းမှ အလုပ်လုပ်ခွင့် ပါမစ်ကိုယ် လုပ်ပေးမည် ဟု ဆိုကာ ကျွန် တော်တို့ ထံ မှ ကျသင့်ငွေ ရင်း ဂစ် ( ၄၆၀၀) အား သုံးကြိမ် တိတိ ခွဲသွင်းပေးခဲ့ ပါသည်၊ ထို သို့ ကျသင့်ငွေပေးသွင်း ပြီး ကျွန် တော် ကျွန်မ တို့ စောင် ဆိုင်းခဲ့ သည်မှာ တစ်နှစ်ကျော်ခဲ့ ပါပြီး၊ သူတို့ ထံမှ ဘာ မှ တုန့် ပြန်မှု မရခဲ့ ပါ။ ထို့ ကြောင့် ကျွန် တော် တို့ ငွေနှင့် နိုင်ငံ ကူးလက်မှတ်များကိုယ် ပြန်လည် တောင်းဆိုရာ၊ အကြိမ်ကြိမ် ချိန်ပြီး ပြန်မပေးခဲ့ပါ၊ ကျွန် တော်တို့ ကဲ့ သို့ မြန်မာ နိုင်ငံသား မြောက်မြားစွားသော သူများထဲမှာ လည်း ထို သို့ ငွေများ နိုင်ငံ ကူးလက်မှတ်များ ကိုယ် လိမ်ထားသူ များစွာ ရှိပါသည်၊ ကျွန် တော် တို့ မဟာနန်းကိုယ် ငွေနှင့် နိုင်ငံ ကူး လက်မှတ် သွားတောင်းသော အချိန်တွင် ကျွန် တော် တို့ ကဲ့ သို့ သူများစွာ စောင့် နေတာ ကိုယ် တွေ့ရှိရပါသည်။ ထို့ ကြောင့် ကျွန် တော် တို့ လည်း မြန်မာ သံရုံး သို့ အကြိမ်ကြိမ် တိုင် တန်းခဲ့ ပါသည်၊ထိုသို့ တိုင် တန်း ခဲ့ သော်လည် မြန်မာ သံ ရုံး မှ အရေး.မှု တစုံ တရာမရှိခဲ့ပါ။ မြန်မာသံရုံး သို့ ကျွန်တော်တို့ သွားရောက်ပြီး ပြန်လည် စုံစမ်းရာတွင်လည်း၊ မဟာနန်း ပိုင်ရှင်များကိုယ် သံရုံးမှ အကြိမ် ကြိမ်ခေါ်သော်လည်း၊ လူကြီးများ ကိုယ် ဂရု မစိုက်စွာဖြင့် လာ ရောက် မဖြေ ရှင်း သဖြင့် မြန်မာ သံရုံးမှလည်း မည်သို့ မျှ အရေးယူပေးနိုင်ခြင်း မရှိခဲ့ ပါ။ မကြာခင်က မလေးရှား မှာ ပြသနာတွေ တက်တော့ အိမ်ကလည်း စိတ်ပှု ပြီး ပြန်ခေါ်တာနှငိ့ ကျွန် တော် တို့ တွေ ပေး ထားသည့် ငွေများ သွား ပြန်တောင်းတော့ ဆိုင်မှာ ရှိသည့် သူများမှ သူတို့ မသိကြောင်းနှင့် သူဌေး နှင့် သာရှင်းခိုင်း ပါတယ်၊ နောက်ဆုံး သဌေးမ ဆိုသည့် ဒေါ်စမ်းငယ် ဆို သူ နှင့် တွေ့ရန် ည (၁၀-၃၀) လောက်ထိ စောင့်ရပါတယ် သဌေးမနှင့် တွေ တော့ လက်ရှိ နိုင်ငံ ကူးလက်မှတ်က သူ လက်ထဲတွင် မရှိကြောင်းနှင့်၊ ငွေ ကိုယ် လည်း လောလော ဆယ် မပေး နိုင် ကြောင်း ပြောပါတယ်၊ နောက်ဆုံးတော့ ကျွန် တော် တို့ ပြန် တော့ မည် ပြော သဖြင့်၊ မြန်မည်ဆို ပြန်ထား ငွေ ကိုယ် မြန်မာ ပြည်သို့ ပို့ ပေးမည်ဟုဆိုက ကျွန် တော် တို့ လိပ် စာ ဖုန်းနံ ပါတ်များ ကိုယ် ယူထားလိုက်ပါ တယ်၊ ဒီလို နဲ့ လက်ရှိ ကျွန် တော် တို့ မြန်မာ ပြည်ကိုယ် လည်း ပြန်ရောက်လာ ပြီး ငွေ ကိုယ် လည်း ခု ချိန်ထိ မပို့ ပေး ပဲ၊ ကျွန် တော် တို့ ဖုန်းခေါ် လည်း တယောက်မှ ပြန်လည် ဖြေ ကြားပေးခြင်း မရှိပါ။ ကျွန်တော် တို့ သိ သလောက် တော့ မဟာနန်း လုပ်ငန်း စု တွင် အလုပ် အပ်ထား သေား မြန်မာများ (၃၀၀၀) ၀န်းကျင် ခန့် ရှိမည်ဟု ခန့် မှန်းပါသည်၊ လူအဲ့ ဒီလောက်ရှိရင် ငွေတွေ မြန်မာ ပြည်သားတွေ ဆီမှ ဘယ်လောက်ထိ ယူထားပြီး ပြီး လည်း ဆိုတာ အားလုံး ခန့် မှန်းလို့ ရပါသည်။ ကျွန် တော် တို့ ကတော့ မစောင့် နိုင်တော့ လို့ သံရုံးတွင် (CI) ထုပ်ပြီး မြန်ခဲ့ပါတယ်၊လက်ရှိ မြန်မာ တော် တော်များ များ မဟာနန်းမှ ငွေနှင့် နိုင်ငံ ကူးလက်မှတ်များ ပြန်လည်ရရှိရေး အတွက် စောင့် ဆိုင်းနေသူ မြောက် များစွာ ရှိပါသည် ထို့ ကြောင့် သက်ဆိုင်ရာ လူကြီးများမှ ကျွန်တော်ကျွန်မ တို့ ရဲ့ အခက်အခဲးများကိုယ် ကူညီဖြေရှင်းပေးကြပါလို့ အသနားခံ တင်ပြ အပ်ပါတယ်။ မဟာနန်းပိုင်ရှင် နဲ့ သူအမ ဖြစ်သူ ပုံ ကိုယ် ပူးတွဲးတင်ပြပေးတယ်၊ သူတို့ ရဲ့ facebook စာမျက်နှာ မှာ လည်း နေ့စဉ် လာရောက် ကွန်မန့် ရေးနေသူများရဲ့
အထောက်ထားများလည်းတင်ပြပေးပါတယ်။ အွန် လိုင်ပေါ်မှာ ရှိသေားမီဒီယာ အားလုံးမှ ဒီသတင်းကိုယ်၊ အများ သူငှါ သိအောင် ကူညီ ဖြန့်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ ကျွန် တော် တို့ သည် မည်သူ တဦးတယောက်ကိုယ်မှ သိက္ခာချ စော်ကာခြင်း မဟုတ်ပါ။ ကျွန်တော်တို့ ခုလိုဒုက္ခရောက်နေသည့် အချိန်တွင် ကိုယ်လူမျိုး အခြင်းခြင်း ကူညီ ရမည်း အစား ခုလို ဒုက္ခပေး တာကိုယ် ရင်နာမဆုံးလို့ အများပြည်သူ
သိအောင်တင်ပြခြင်းသာဖြစ်ပါသည်။ လေးစားစွာဖြင့်==========kyawkhineoo8@gmail.com Email ဖြင့် ပေးပို့ လာ သော သတင်းအား ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D