သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, June 25, 2013

မက်စ်မြန်မာ သိမ်းထားသည့် လယ်ဧက ၅၀ ကျော် ၁၀ ရက်အတွင်း ပြန်ပေးမည်

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ချောင်းသာမှာ မက်စ်မြန်မာကုမ္ပဏီက သိမ်းထားတဲ့ လယ်မြေဧက ၅၀ ကျော်
ကို တပတ်ဆယ်ရက်အတွင်း မူလပိုင်ရှင်တွေထံ ပြန်ပေးဖို့စီစဉ်နေပြီလို့တိုင်းမြေစာရင်းမှူးက ပြောပါတယ်။

ချောင်းသာမှာ မက်စ်မြန်မာကုမ္ပဏီက သိမ်းထားတဲ့ လယ်ဧက ၅၀ ကျော်ကို ကုမ္ပဏီက ပြန်လွှဲပေးခဲ့ပြီး
ဖြစ်ကြောင်း၊ လယ်သမားတွေကို ပြန်ပေးဖို့ စီစဉ်နေကြောင်း တိုင်းမြေစာရင်းဌာနက ပြောပါတယ်။

မက်စ်မြန်မာက ပြန်ပေးတဲ့ လယ်မြေဧက ၅၄ ဧကဟာ လယ်ယာမြေပိုင်ဆိုင်မှုဥပဒေအရ ၁၉၉၁-၉၂ ခုနှစ်
မှာ ပုစွန်ကန်အဖြစ် ချထားပေးခဲ့တဲ့ မြေတွေဖြစ်နေတယ်လို့ ဧရာဝတီတိုင်း မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦး
ကျော်ဌေးက ပြောပါတယ်။

မူလပိုင်ရှင် လယ်သမားတွေဆီ ဒီလယ်မြေတွေပြန်ချပေးဖို့ စိစစ်တဲ့အခါ ကျုးကျော်နေထိုင်သူတွေ တွေ့
ရတဲ့အတွက် ဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း စိစစ်ပြီး အမြန်ဆုံးပြန်ချပေးဖို့ လုပ်နေတယ်လို့ ပြော
ပါတယ်။

“လာမယ့် တပတ်၊ ၁၀ ရက်အတွင်း အကုန်ပြန်ပေးနိုင်အောင် လုပ်နေပါတယ်။ ဥပဒေကြောင်းအရ လန
၃၉ ပယ်ဖျက်ပေးတဲ့ကိစ္စတွေ၊ ရုံးလုပ်နည်းလုပ်ငန်းပိုင်းတွေလည်း ဆောင်ရွက်ပေးပါမယ်။ အပြီးသတ်
ဆောင်ရွက်ပေးမယ်။ အလားတူ တောင်သူလယ်သမားတွေကို မူလပိုင်တွေကိုလည်း မြေစာရင်းဌာနအ
နေနဲ့ အားလုံးစိစစ်ပေးပြီးသားပါ။ လယ်သမားတွေ လက်ဝယ် ပြန်ရအောင် အကုန် တောင်သူတဦးချင်းစီ
ရဲ့ လုပ်ပိုင်ခွင့်ကိစ္စတွေလည်း မြေပုံနဲ့ စာရင်းနဲ့ အားလုံး စိစစ်ပြီးပြီ။ ”

ပုသိမ်မြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် ကလည်း ချောင်းသာက လယ်သမားတွေ လက်ထဲ လယ်ယာမြေတွေ အမြန်ဆုံးပြန်ရရေး တိုက်တွန်းထားတယ်လို့ ပြောပါတယ်။“မက်စ်ဇော်ဇော်
ဆိုရင် ဧက ၅၀ ကျော် ၂၁ ဦးကို ပြန်ချပေးပြီးပြီ။ စာနဲ့ပေနဲ့ လယ်ယာမြေကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွဋ်
ကလည်း မိတ္တူကို ကာယကံရှင်တွေကိုပေးတယ်၊ မူရင်းကို တိုင်းဝန်ကြီးချုပ်ကို ကျနော့်ရှေ့တင် ပြီးခဲ့တဲ့
လ ၆ ရက်နေ့က ပေးတယ်။ ဒါပေမယ့် အခုအချိန်ထိ လယ်သမားတွေက မရကြသေးဘူး။ ဘယ်လိုဖြစ်
လဲတော့ မသိဘူး၊ မြန်မြန်ချပေးစေချင်တယ်။ မိုးမကျခင်၊ ကျဆဲ စိုက်ပျိုးချိန်တွေရှိတယ်လေ။ အမြန်ချ
ပေးဖို့ ကျနော်လည်း တိုက်တွန်းပြောထားတယ်။”

from DVB by ရွှေအောင်


No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D