သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, June 25, 2013

မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန်မလှည့်ရန် ပြည်ခိုင်ဖြိုးပါတီတွင် တာဝန်အရှိဆုံး ဖြစ်ကြောင်းနှင့် နောက်ကြောင်းပြန်အောင် ပြောသည့်၊ လုပ်သည့်သူများကို ချေမှုန်းရမည်ဟု ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းပြောကြား

မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန်မလှည့်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် တာဝန်အရှိဆုံး ဖြစ်သည်ဆိုကြောင်းနှင့် နောက်ကြောင်းပြန်အောင် ပြောသည့် လုပ်သည့် သူများကို ချေမှုန်းရမည်ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်ဟု အဆိုပါ ပါတီပိုင် သတင်းစာ တစ်စောင်ဖြစ်သည့် ပြည်ထောင်စုနေ့စဉ် သတင်းစာ အတွဲ ၁၊ အမှတ် ၇၈ တွင် ဖော်ပြထားသည်။

နေပြည်တော်တွင် ပြုလုပ်နေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေးအတွင်း တက်ရောက်သတင်းယူခွင့် ရရှိထားသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာမှ "မြန်မာ့နိုင်ငံရေးမှာ နောက်ကြောင်းပြန်မလှည့်ဖို့ ဘယ်သူတွေမှာ တာဝန်အရှိဆုံးပါလဲ" ဟူသော မေးခွန်းကို ဖြေကြားရာတွင် ၎င်းကယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ တာဝန်အရှိဆုံးပါ။ ပြီးတဲ့အခါ ပြည်သူအားလုံးမှာလည်း တာဝန်ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်မှုတွေက အရင်အစိုးရ ဒီပါတီက ထောက်ခံမှုနဲ့ လုပ်ခဲ့တာ။ အဲဒါကို ပြည်သူတွေက သဘောကျတယ်။ ထောက်ခံတယ်။ နောက်ကြောင်းပြန်အောင်ပြောတဲ့ လူလုပ်တဲ့လူ သူတို့မှာ တာဝန်ရှိတယ်။ အဲဒီလူကို ချေမှုန်းရမယ်" ဟူသော သူရဦးရွှေမန်း၏ ဖြေကြားမှုကို အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။



ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ တာဝန်အရှိဆုံးပါ။ ပြီးတဲ့အခါ ပြည်သူအားလုံးမှာလည်း တာဝန်ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်မှုတွေက အရင်အစိုးရ ဒီပါတီက ထောက်ခံမှုနဲ့ လုပ်ခဲ့တာ။ အဲဒါကို ပြည်သူတွေက သဘောကျတယ်။ ထောက်ခံတယ်။ နောက်ကြောင်းပြန်အောင်ပြောတဲ့ လူလုပ်တဲ့လူ သူတို့မှာ တာဝန်ရှိတယ်။ အဲဒီလူကို ချေမှုန်းရမယ် . . . . .


၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်း NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်ဟူသော အမေရိကန် ခရီးစဉ်အတွင်း ပြောကြားခဲ့မှုနှင့် ပတ်သက်၍ မေးမြန်းမှုကိုလည်း တူတာများကို ပေါင်းလုပ်သွားပြီး မတူတာများကို ခဏဘေးဖယ်ထားမည် ဖြစ်ကြောင်းနှင့် အစိုးရဖွဲ့ခြင်းမှာ နောက်တစ်ပိုင်းသာဖြစ်ကြောင်း သူရဦးရွှေမန်းက ဖြေကြားထားသည်။

ယင်းကဲ့သို့ အမေရိကန် ခရီးစဉ်အတွင်း ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် NLD ပါတီနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့မည်ဟူသော ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောစကားနှင့် ပတ်သက်၍ ဗဟိုကော်မတီသို့ ရှင်းရမည်ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ပြောကြားထားသည်။

ပါတီစုံ ဒီမိုကရေစီ စနစ်တွင် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အကောင်အထည် ဖော်ချင်သည် ဆိုပါက အသီးသီးသော ပါတီများသည် လုပ်ဖော်ကိုင်ဖက် ပါတီများအဖြစ် သဘောထားပြီး နိုင်ငံကောင်းအောင်၊ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေကြခြင်း ဖြစ်သည်ဆိုခြင်းကို ခံယူကာ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမဆို လုပ်ဖော်ကိုင်ဖက်ကဲ့သို့ သဘောထား ဆောင်ရွက်ကြရန်လည်း ဗဟိုကော်မတီ အစည်းအဝေး အဖွင့်အမှာစကားတွင် သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသည်။

ထို့ပြင် ဥပဒေပြုခြင်းတွင် တရားမျှတသော၊ နိုင်ငံသားများ လိုက်နာနိုင်သော ဥပဒေဖြစ်ရန် အရေးကြီးကြောင်း၊ တရားမျှတမှု မရှိသော၊ နိုင်ငံသားများ မလိုက်နာနိုင်သော ဥပဒေများကို ပြဋ္ဌာန်းပြီး ဆောင်ရွက်သည့် အခါတွင် တရားမျှတမှု မရှိ၊ နိုင်ငံသားများ မလိုက်နာနိုင်ခြင်းကို သက်ဆိုင်ရာ ကြီးကြပ်သည့် အဖွဲ့အစည်းများက မျက်ကွယ်ပြု၊ မမြင်ချင်ဟန် ဆောင်နေခြင်းသည်လည်း တရားဥပဒေ ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်းလည်း ၎င်းက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။


From : ..eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D