မွန်ပြည်နယ် မော်လမြိုင်မြို့ အစိုးရ အဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီက မြန်မာ အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပရေး ညှိနှိုင်းအစည်းအဝေး ကျင်းပရာ အခမ်း အနားသို့ မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှဦး၊ မွန်ပြည်နယ် အုပ်ချုပ် ရေးမှူး ဦးဇော်လင်းထွန်း၊
မွန်ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းလွင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။ရှေးဦးစွာ မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှဦးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက မြန်မာ အမျိုးသမီး များနေ့ အခမ်းအနား ကျင်းပရေးအတွက် လိုအပ်ချက်များ၊ မြန်မာ အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပရေး ကော်မတီများ လျာထားဖွဲ့စည်းခြင်း တို့ကို ဆွေးနွေး တင်ပြသည်။ ဆက်လက်၍ တက်ရောက် လာသူများက အထွေထွေ ဆွေးနွေးတင်ပြကြပြီး ဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
From : ..mwd


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...