သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, June 26, 2013

မုံရွာဆေးရုံ တိုးချဲ့ရန် အိန္ဒိယ ဒေါ်လာနှစ်သန်း လှူမည်


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင်ဆေးရုံအဆောက်အအုံများတိုးချဲ့ရန်နှင့် ဆေး ပစ္စည်းအတွက် အိန္ဒိယနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာနှစ်သန်း လှူဒါန်းသွားမည် ဖြစ်ကြောင်း အိန္ဒိယကောင်စစ်ဝန်ရုံးထံမှသိရသည်။
လှူဒါန်းသည့် ဒေါ်လာနှစ်သန်းတွင် ဆေးရုံအဆောက်အအုံ အတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ သန်းနှင့် ဆေးပစ္စည်း ကိရိယာများအတွက် အမေရိကန်ဒေါ်လာရှစ်သိန်း သုံးစွဲရန် ရည်ရွယ်ထားကြောင်း၊ အဆောက်အအုံ တည်ဆောက်မှုကို ဇူလိုင်လကုန်ပိုင်းတွင် စတင်မည်ဖြစ်ကြောင်း အိန္ဒိယကောင်စစ်ဝန်ရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


"မုံရွာမှာက ပိုက်ဆံတတ်နိုင်တဲ့ သူတွေက မန္တလေး လာကုကြပေမယ့် မုံရွာအနီးတစ်ဝိုက် မြို့နယ်တွေ နဲ့ ကျေးရွာတွေက ဒေသခံတွေကတော့ မုံရွာဆေးရုံကို အားကိုးကြတယ်။ ဆေးကုသဖို့ မတတ်နိုင်တဲ့ သူတွေအတွက် ဆေးဝါးထောက်ပံ့ပေးဖို့ လိုနေပါတယ်။ ဆေးရုံမှာ ကလေးကုသဆောင်နဲ့ ပတ်သက် လို့ နေရာမလောက်တာရှိတယ်။ သွေးလွန်တုပ်ကွေး ဖြစ်တတ်တဲ့ ရာသီဆိုရင် ကလေးလူနာတွေ အတွက် နေရာ မလုံလောက်ဘူး" ဟု မုံရွာမြို့ရှိ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D