သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, June 25, 2013

အာရှနိုင်ငံရေးနှင့် စီးပွားရေးသမားများ ET ကိုယုံကြည် အားကိုး လာနေ

၂၀၁၂ ဇူလိုင်လက ဗန်ကောက်မြို့သို့ ဗေဒင်ဆရာမ ET ဗေဒင်ဟောထွက်စဉ်။ File Photo/AFP

လူကောင်သေး သေး၊ ချည့်နဲ့နဲ့နှင့် စကားကိုပင် ဖြောင့်အောင် မပြောနိုင်ရှာသော ET အဖြစ် လူသိများလှ
သည့် မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး ဗေဒင်ဆရာမထံ ဗိုလ်ချုပ်ကြီး များမှသည် နိုင်ငံရပ်ခြား မှ နိုင်ငံ ရေး

သမားများ အထိ အာရှ၏ ချမ်းသာကြွယ်ဝ၍ ဩဇာအရှိန် အဝါကြီးမား သူများအား ရှေ့ဖြစ် ဟောကိန်းများ
ကို ဟောကြားနေ သည်မှာ နှစ်ကာလအတန်ကြာ နေပြီဖြစ်ကြောင်း သိရသည်။

ET ၏ရေပန်းစား မှုက မကြာသေးမီ က ထိုင်းနိုင်ငံတွင် ET ၏ အတ္ထုပ္ပတ္တိ မှတ်တမ်းရုပ် ရှင်ကားနှင့်ပတ်
သက်၍ လူအများ ကို စိတ်ဝင်တစားရှိစေခဲ့ကြောင်း သိရသည်။ အုပ်ချုပ်သူ မျိုးဆက် တစ်ဆက်က သိမ်
မွေ့နူးညံ့သော အကြံ ဉာဏ် များ ကို ရယူကြိုးပမ်း ခဲ့ကြသည့် မြန်မာနိုင်ငံတွင် ET သည် နားလည်ရခက်
ပြီး လျှို့ဝှက်ဆန်းကြယ် မှုများထဲမှ တစ်ခုလည်းဖြစ်သည် ဟုသိရသည်။

ET သည် မသန်စွမ်းသူဖြစ် သော်လည်း ကျန်းကျန်းမာမာရှိ နေသူဖြစ်၏။ သူ၏ မိသားစု၏အဆိုအရ သူ
၏ကိုယ်တွင်းအင်္ဂါ များမှာ ခန္ဓာကိုယ်၏ပုံမှန်မဟုတ် သော တခြားတစ်ဖက်တွင်ရှိနေ သည်ဟု ဆိုသည်။

ET သည် အရာရာတိုင်း တွင် လျှို့ဝှက်ဆန်းကြယ်မှုများ ဖြင့်ပြည့်နှက်နေသူဖြစ်ကြောင်း သူနှင့်အဖော်
အဖြစ်လိုက်ပါလေ့ ရှိသူ သီသီအမည်ရှိသူ၏ အစ်မ ကပြောကြားခဲ့သည်။ ET သည် အလွန်ခမ်းနားထည်
ဝါသည့် စပယ် ရှယ်ဝမ်း တစ်ဦးဖြစ်ပြီး ဒေသတစ် လွှားရှိလူများက သူ့ထံမှအကြံဉာဏ် လမ်းညွှန်မှုများရရှိ
ရန် ကြိုးပမ်းတတ်ကြပြီး ထိုသူများထဲတွင် နိုင်ငံ ရေးသမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များပင် ပါဝင်နေ
သည်ဟု ဆိုသည်။

သီသီသည် ET အတွက် စကားပြန် လုပ်ပေးနေသူလည်း ဖြစ်သည်။ မြန်မာနိုင်ငံကို နှစ်ပေါင်း ၃ဝခန့်စိုးမိုး
အုပ်ချုပ်ခဲ့သော ဗိုလ် ချုပ်ကြီးနေဝင်းသည်လည်း ဗေဒင် ဆရာတို့နှင့် သူတို့၏ယတြာများ အပေါ် ယုံကြည်
အားထားလွန်း သူတစ်ဦး ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ပြုပြင်ပြောင်း လဲရေးဝါဒီတစ်ဦးဖြစ်သည့် သမ္မတ ဦးသိန်းစိန်သည်ပင် သူ၏ရိုးသား ပွင့်လင်း
မှုသည် လျှို့ဝှက်ဆန်းကြယ် သောဟောကိန်းများကို အလေး ထားသည့်အနေဖြင့် လုပ်ဆောင် နေခြင်းဖြစ်
ကြောင်း ရိုးတိုးရိပ် တိတ်ပြသခဲ့သည်ဟု ဆိုသည်။ ဦးသိန်းစိန်က ဗေဒင်ပညာနှင့်ပတ် သက်၍ သူများစွာမ
သိကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ၌ နက္ခတ် ဗေဒနှင့်ပတ်သက်၍ ကောင်းစွာ တတ်ကျွမ်းနားလည်သူများ
စွာ ရှိကြောင်း ပြင်သစ် နိုင်ငံမှထုတ်လွှင့်သော An Eye on The World သတင်းမှတ်တမ်းရုပ်ရှင်တွင် ပြော
ကြားခဲ့သည်ဟု သိရသည်။

ဘီဘီစီ ၏အဆိုအရ ETသည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ နှင့်လည်းတွေ့
ဆုံခဲ့ဖူးကာ သက် ဆင် အာဏာပြန်လည်ရရှိမည် ဟု ဟောကိန်းထုတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၀၆ခုနှစ် စစ်တပ်အာဏာ သိမ်းခြင်း ပြုပြီး ရာထူးမှဖြုတ်ချ မခံရမီ သက်ဆင်သည် ET ထံ လာရောက်
ခဲ့ဖူးကြောင်း ပြော ကြားခဲ့သော်လည်း အသေးစိတ် ကိုပြောကြားရန်ကို သီသီကငြင်း ဆန်ခဲ့သည်။ သို့ရာ
တွင် ET ၏ ဟောကိန်းများမှာ ၈ဝရာခိုင်နှုန်း ခန့် မှန်ကန် ကြောင်းကိုမူ ပြော ကြားခဲ့သည်။

သီသီ၏အဆိုအရ ET သည် နှစ်ပေါင်း ၃ဝခန့် ခရီးသွားလာ နေခဲ့ပြီး ထိုသို့သွားလာရာတွင် ဂျပန်၊ တရုတ်၊ စင်ကာပူနှင့် ထိုင်း နိုင်ငံအပါအဝင် နိုင်ငံများစွာသို့ ရောက်ရှိခဲ့ကြောင်း ET ထံတွင် ဗေဒင် လာရောက်မေး
မြန်းသူများ တွင် အနောက်နိုင်ငံသားများ တစ် ခါတစ်ရံ ပါဝင်တတ်သော်လည်း များသောအားဖြင့် စီးပွား
ရေးလုပ် ငန်းရှင်များနှင့် ချမ်းသာသောအာရှ သားများသာဖြစ်ကြောင်း ပြောခဲ့ သည်။

Yangon Media Group


No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D