သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, June 24, 2013

Time မဂ္ဂဇင်း ၊ ဆရာတော် ၀ီရသူ နှင့် အမျိုးဖျက် ဒေါ်စုနှင့် ပက်သတ်၍ ဝေဖန်ဆန်းစစ်ခြင်း

မြစ်ဆုံ က စလို့ ၊ ရခိုင်အရေး ၊ ဘင်္ဂလီ အရေး ၊ လက်ပံတောင်း မှသည် မလေးရှားအထိ ကျွန်တော် တို့ မြန်မာတွေရဲ့ Facebook ရပ်ဝန်းမှာ ကန့်ကွက်သံ ၊ ရှုံ့ချသံ   တွေ သောသောညံခဲ့သလို ထောက်ခံသူ ၊ အားပေးသူတွေလဲ မရှားပါဘဲ။

တချို့ စာရေးကောင်းသူတွေကြောင့် သွေးစည်းခဲ့ရ ၊ ညီညွတ်ခဲ့ရ သလို တချို့ တချို့သော မတူကွဲပြား အမြင်ရှိသူ အရေးအသား ပြောင်မြောက်သူတွေကြောင့် စိတ်နှလုံး ညစ်နွမ်းခဲ့ရ တာလဲ အပုံအပင်ရယ်ပါ။

များသော အားဖြင့် ကျွန်တော် ဘာသာရေး အားပြိုင်မှုတွေမှာ ၀င်ရေးခဲပါတယ်။ လူမျိုးရေး ၊ နိုင်ငံရေးတွေမှာ ရံဖန်ရံခါ ရေးလေ့ရှိပေမယ့်လည်း ဘာသာရေးကိုတော့ ကျွန်တော် တတ်နိုင်သမျှ လက်ရှောင်ခဲ့ပါတယ်။

ဘာကြောင့်လဲ ဆိုပြီး မေးလာရင်..

ဘာသာရေးဟာ နိုင်ငံရေး ၊ လူမျိုးရေး ထက်ပိုပြီး ထိလွယ်ရှလွယ် ၊ ခံစားလွယ်တဲ့ issue တစ်ခု ဖြစ်နေလို့ပါလို့ ဖြေရပါလိမ့်မယ်။

ကျွန်တော် သိသိသာသာ လက်ရှောင်ခဲ့တဲ့ ဘာသာရေးအားပြိုင်မှု ( ဟုတ်ကဲ့..။ ကျွန်တော့်စာထဲမှာ ဘာသာရေး အားပြိုင်မှု လို့ပဲ သုံးနှုန်းချင်ပါတယ်။ ဆိုခဲ့သလို ဘက် နှစ်ဘက်ကို ရှောင်ချင်တဲ့အတွက်ပါ။ ) တစ်ခုကို ပြရမယ်ဆိုရင် ၉၆၉ နဲ့ ၇၈၆ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ခံစားချက်နဲ့ အမျိုးသားရေးဆိုင်ရာ ခံယူချက် နဲ့ အစွန်းရောက် အစ္စလာမ် ဘာသာဝင်တွေရဲ့ တုံ့ပြန်ချေပချက်တွေ ကြားမှာ
ကျွန်တော် နှုတ်ဆိတ်နေခဲ့ပါတယ်။

ဒါဖြင့်.. မင်း ဘာကောင်လဲ ဆိုပြီး မေးခွန်းထုတ်လာခဲ့သည်ရှိသော်..

ကျွန်တော် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ယောက်မဟုတ်ပါဘူး။ မိဘများက ဗုဒ္ဓဘာသာဝင် ဖြစ်ကြသော်ငြားလည်း ကျွန်တော် စာကောင်းကောင်း
ဖတ်နိုင်၊ နားလည်နိုင်တဲ့အရွယ် ၊ အလယ်တန်းကျောင်းသားလောက်မှာ ကျွန်တော် စပြီး စိတ်ဝင်တစားနဲ့ ဖတ်ကြည့်မိတဲ့စာအုပ် ၊ အဖေ့အိမ်ပေါ်က
ဆင်းတာတောင် ယူလာခဲ့တဲ့စာအုပ်က "ဗုဒ္ဓဘာသာကောင်းတစ်ယောက်" ဆိုတဲ့စာအုပ်ပါ။

ဒီစာအုပ်ကနေ ဗုဒ္ဓဘာသာရဲ့ ငြိမ်းအေးချမ်းသာ အဆီအနှစ်တွေ ကျွန်တော် ရခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ဗုဒ္ဓဘာသာကို ဆက်ကိုးကွယ်ဆည်းကပ်မယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

တခြားဘာသာတွေကိုရော မလေ့လာဘူးလားမေးရင်..

ကျွန်တော်ငယ်ငယ်ကတည်းက တက်ခဲ့ရတဲ့ အစိုးရ စာသင်ကျောင်းတွေဟာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေနဲ့ တွဲထားတဲ့ ကျောင်းတွေပါ။ အခု အ.လ.က (၁) ဒဂုံ ( အဲဒီအချိန်တုန်းကတော့ Bishops Home လို့ လူသိများပါတယ် ) ၊ အ.ထ.က (၂) ကမာရွတ် ( St.Augestin ) တွေကနေ အခြေခံပညာကို သင်ယူခဲ့ရတာပါ။ တခြား နွေရာသီ ကျောင်းပိတ်ရက်တွေမှာလဲ မိခင်ကြီးက အင်္ဂလိပ်ကျောင်းပေါင်းများစွာကို ဟိုပို့ ၊ ဒီပို့ နဲ့ ပို့ထားလေ့ရှိတာကြောင့်
ခရစ်ယာန်တစ်ယောက်နီးပါး ခရစ်ယာန်ဘာသာကို ကျွန်တော်ကျွမ်းဝင်ပါတယ်။

ဆန်းဒေးစကူးလ် မှသည် ကျေးဇူးတော်နေ့ အထိ ခရစ်ယာန်သူငယ်ချင်းတွေ
ဖိတ်သမျှ ကျွန်တော်သွားပါတယ်။ ဒီဇင်ဘာနှစ်သစ်ကူးမှာလဲ ကျွန်တော့်သူငယ်ချင်းတွေမနက်ပိုင်း ဘုရားကျောင်းသွားရင် ကျွန်တော် လိုက်သွားပါတယ်။ သီချင်းဆိုတယ်။ အလှူငွေထည့်တယ်။ ဘုရားကျောင်းက ကျွေးတာလဲ စားပါတယ်။ ကျွန်တော့်အတွက်တော့ အေးဆေးပါ။

ဒါဖြင့်ရင် အစ္စလာမ်နဲ့ မရင်းနှီးဘူးလား ဆိုတော့...

ဟုတ်ကဲ့.. ကျွန်တော်မိန်းမ ခိုးတုန်းက ညကြီးမင်းကြီး ဆိုင်ကယ်အစုတ်လေးနဲ့ တောင်ပေါ်ကို အသက်နဲ့ရင်းပြီး လိုက်မောင်းပို့ခဲ့တာ အစ္စလာမ်ဘာသာဝင် သူငယ်ချင်းပါ။ တရုတ်စူပါကပ် ရှေ့မီးမကောင်း၊ အင်ဂျင်ဝိုင်မရှိနဲ့ ည ၁၂ နာရီလောက်ကို ပြင်ဦးလွင် တောင်တက်လမ်းကို လိုက်မောင်းပို့ခဲ့တာ သူငယ်ချင်း ဆိုတဲ့စိတ်နဲ့ သူပို့ခဲ့တာပါ။ ခုချိန်မှာ အယူအဆတွေ မတူလို့ ရန်သူတွေ ဖြစ်ခဲ့ကြသော်လည်းပဲ ဒီကျေးဇူးကိုတော့ဖြင့် အခွင့်သာရင် ကျွန်တော်ဆပ်ရဦးမှာပါ။

ဟိန္ဒူသည်လည်းပဲ ကျွန်တော်နဲ့ ရင်းနှီးသော ဘာသာ တစ်ခုပါဘဲ။

ဘွားအေကြီးက တရုတ်ဖြစ်ပေမယ့် ဟိန္ဒူဘုရားကျောင်းသွားပြီး အုန်းခွဲတဲ့ အလေ့ရှိပါတယ်။ အလုပ်ကိစ္စ ၊ ဘာညာ စသည်ဖြင့် အခက်အခဲများ ရှိလာခဲ့ရင်ပေါ့။
ကျွန်တော်လဲ ရံဖန်ရံခါ လိုက်သွားလေ့ရှိတာကြောင့် ဟိန္ဒူဘုရားကျောင်းရဲ့ လုပ်နည်းလုပ်ဟန်တွေ ၊ အဓိဌာန်ပြုပုံတွေကို ဟိန္ဒူတစ်ယောက်လိုပဲ ကျွန်တော်
လုပ်တတ်ပါတယ်။

ဒါကြောင့် ၉၆၉ နဲ့ ၇၈၆ ဆိုပြီး အယူအဆတွေ ၀ိဝါဒ ကွဲပြားတဲ့အချိန်မှာ ကျွန်တော် အလွန်ပဲ စိတ်ရှုပ် မျက်နှာပူရပါတယ်။

တချို့ ကိစ္စတွေမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ တရားလက်လွတ်အပြောအဆိုတွေနဲ့ တချို့ အစ္စလာမ်တွေရဲ့ ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်မှုတွေကြားမှာ ကျွန်တော်
ခေါင်းကိုက်ရပါတယ်။ တချို့ကိစ္စတွေမှာ ကိုးကွယ်ရာ ဘာသာတရားအတွက် စကားလုံးပြောင်ပြောင်မြောက်မြောက်တွေနဲ့ ရေးချင်၊ ချေပ ချင်သော်လည်း
ဆိုခဲ့သလို တွေးဆစရာတွေ ရှိနေတဲ့အတွက် ကျွန်တော် ရေးပြီးမှ ဖျက်ပစ်တဲ့ စာတွေလဲ မနည်းပါဘူး။

ကျွန်တော့်အတွက်က ရှင်းပါတယ်။

ဘယ်ဘာသာတရားကို ကိုးကွယ်ကြသည်ဖြစ်စေကာမူ လူ တွေဟာ လူပါဘဲ။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ဓါတ်အခြေခံ ရင့်ကျက်မှုဟာ အဓိကပါ။ ဗုဒ္ဓဘာသာ နာမည်ခံပြီး ငါးပါးသီလကို တစ်ပါးမှ မလုံပဲ အွန်လိုင်းပေါ်မှာ ဘုန်းကြီးစာချ လုပ်နေတဲ့လူတွေနဲ့ လူသတ် ၊ မုဒိန်းကျင့် ၊ လည်လှီးရတာကို ပျော်မွေ့နေတဲ့ အစွန်းရောက် အစ္စလာမစ်တွေကြားမှာ ဘာသာတရားအချင်းချင်း အမုန်းမီးပွားသည်ထက် မပွားစေလိုတာ
ကျွန်တော့်စိတ်ရင်းပါ။ ဒါကြောင့် ဘာမှ မလုပ်ပေးနိုင်ရင်တောင်မှ ကိုယ့်ကြောင့် ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို အစွန်းတစ်စက် မဖြစ်စေလိုတဲ့အတွက် ကျွန်တော်
နှုတ်ဆိတ်လက်ရှောင်နေခဲ့တာပါ။

ဒီတစ်ခါတော့ဖြင့် ကျွန်တော် ရှောင်လွှဲလို့ မရပါတော့ပြီ...။

၉၆၉ ၊ ဦးဝီရသူ တို့ရဲ့ ပြဿနာဟာ တစ်ချိန်ချိန်မှာ နိုင်ငံတကာ မီဒီယာတွေအပေါ်မှာ issue တစ်ခုအဖြစ် ခေါင်းစဉ် တက်လာကောင်း တက်လာနိုင်တယ်လို့
ကျွန်တော် တစ်ယောက်တည်း စဉ်းစားဖူးပါတယ်။ ဒါပေမယ့် ကျွန်တော် မှန်းဆထားတဲ့ အချိန်ထက် အများကြီး စောပြီး ဖြစ်သွားခဲ့ပါပြီ။ တိုင်းမ် မဂ္ဂဇင်းရဲ့
ဆရာတော်ဦးဝီရသူအပေါ် ရေးသားထားတဲ့ ဆောင်းပါးဟာ ဘော်ကျော်ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ဗုဒ္ဓဘာသာဝင်တွေအတွက် မခံချိမခံသာနဲ့
ခံရခက်စေမယ့် ၊ ဒေါသထွက်စေမယ့် ဆောင်းပါးတစ်ပုဒ်ပါ။ ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်တွေ ၊ တချိန်က ဦးဝီရသူအပေါ် ယုံကြည်ချက် ကွဲပြားခဲ့ကြသူတွေတောင်မှ ဒီတစ်ကြိမ်မှာတော့ ၉၆၉ ၏ မ ၉၏ ကို ဘေးဖယ်ထား ၊ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဗုဒ္ဓရဲ့ သားတော်တစ်ပါးအပေါ် ၊ သံဃာတော် တစ်ပါးအပေါ်မှာ ငါတို့ ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ကြမယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ညီညွတ်သွားကြတာကိုလဲ မြင်ရပါတယ်။ ကို မျိုးဆက်တို့လို သိပ်ကောင်းတဲ့ တုံ့ပြန်ချေပချက်တွေဟာလည်း ဗုဒ္ဓဘာသာဝင်တွေအတွက် အားတက်စရာတစ်ချက်ရယ်ပါ။

သို့ပေမယ်လည်းပေါ့လေ...

ကျွန်တော်တို့တွေ ( ကျွန်တော်တို့လို့ဘဲ သုံးလိုက်ပါ့မယ်။ ကျွန်တော်လည်း စာဖတ်သူတို့နည်းတူ စိတ်မသက်မသာ ဖြစ်ရသူ ဖြစ်တာကြောင့်ပါ) အခု ရေးနေတဲ့ Facebookပေါ်က စာတွေ ၊ ပရိုဖိုင်ဓါတ်ပုံတွေကို No Time ဆိုပြီး ကြက်ခြေခတ်တွေနဲ့ ပြောင်းလဲမှုတွေဟာ အရာဝင်ပါသလား.. ထိရောက်ပါသလားဆိုတာကို ကျွန်တော်တို့ စဉ်းစားရပါမယ်။

ကျွန်တော့်အမြင် ပြောရရင် ထိရောက်မှု ရာခိုင်နှုန်း အလွန်ကို နည်းပါတယ်။ ကျွန်တော့်အမြင်မှာတော့ Time ဟာ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်ခဲ့တာပါ။ မြန်မာဆိုတဲ့ နိုင်ငံငယ်လေးဟာ သူတို့လို ကမ္ဘာသိ မဂ္ဂဇင်းကြီးတစ်စောင်ကို တုံ့ပြန်ချေပနိုင်စွမ်းမရှိဘူးလို့ တထစ်ချ ယုံကြည်တယ်ဆိုတဲ့ ငှက်တစ်ကောင် ၊ ဒီဆောင်းပါးကြောင့် ဗုဒ္ဓဘာသာတွေနဲ့ အစ္စလာမ်တွေကြား အခုထက်ပိုပြီး အမုန်းမီး တောက်စေမယ်ဆိုတဲ့ ငှက်တစ်ကောင်ရယ်.. ပေါင်း ငှက်နှစ်ကောင်ကို ဆောင်းပါးခဲတစ်လုံးနဲ့ ပစ်ချခဲ့တာပါ။

ကျွန်တော်တို့တွေ ပထမဦးဆုံးတော့ Time ကို ကန့်ကွက်ကြောင်းတွေ ရေးမယ်။ နောက်ဆက်တွဲမှာ အစ္စလာမ်မုန်းတီးရေးတွေရေးမယ်။ အဲဒီကနေ တစ်ဖက်နဲ့တစ်ဖက် မုန်းသည်ထက် မုန်းလာမယ်။ အာဃာတတွေ ဖြစ်လာလို့ လူသတ်ပွဲတွေ ဖြစ်လာပြီဆိုရင် သူတို့အကွက် ၀င်ပါပြီ။ ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို ရေလဲလို သုံးပါတော့မယ်။ အပြစ်မဲ့ အစ္စလာမ်စ်တွေကို ဗုဒ္ဓဘာသာအစွန်းရောက်တွေက
သတ်ဖြတ်နေပါတယ်ဆိုပြီး ရေးပါတော့မယ်။ ဒါဆိုရင် ကျွန်တော်တို့ မိအေး အခါခါ နာပြီးရင်းနာရပါတော့မယ်။

ဒီတော့. ကျွန်တော်တို့ ဘာလုပ်သင့်သလဲ... ?

မင်းက ပြန်မရေးနဲ့လို့ ပြောချင်သလားလို့ မေးလာရင်.. နိုးပါ..။

ရေးရမှာပါ။ ရေးကိုရေးမှာပါ။ ဒါဟာ အမျိုးသားရေးနဲ့ ဘာသာရေးအတွက် သိပ်ကို ကြီးမားတဲ့ တိုက်ခိုက်မှုတစ်ခုပါ။ ကျွန်တော်တို့ ဘယ်လိုရေးကြမလဲ ။ Facebook ပေါ်ကနေတော့ ရေးလို့ မရတာသေချာပါတယ်။ ကျွန်တော်တို့ ခင်ဗျားတို့ ရေးနေတဲ့ စာတွေဟာ တရားမ၀င်၊ အကျုံးမ၀င်ပါဘူး။ Time ကို ဖိအားပေးတဲ့ အင်အား မရှိပါဘူး။ ဒီအတွက် ကျောထောက်နောက်ခံ ရှာရပါမယ်။ ပစ်မှတ်ကို သေချာထိနိုင်မယ့် ကျည်ဆံတစ်တောင့်ဖြစ်ရပါမယ်။ ကျွန်တော်တို့မှာ ကျည်ဆံသိပ်မရှိပါဘူး။

ဒါဆိုဘယ်လိုလုပ်ကြမလဲလို့ မေးလာရင်..

ကျွန်တော်တို့ ပြည်သူတွေအတွက် ကျောထောက်နောက်ခံ ပြုပေးနိုင်မယ့် အဖွဲ့အစည်းတွေ ရှာရပါမယ်။ အနီးစပ်ဆုံးကြည့်ရင် လက်ရှိ အာဏာရ ပါတီ USDP နဲ့ နိုင်ငံတကာကို ဖိအား အပေးနိုင်ဆုံး ပါတီ NLD ရှိပါတယ်။ ကျန်တဲ့ တိုင်းရင်းသား ပါတီတွေနဲ့ လက်ရှိ အစိုးရနဲ့ ပေါင်းပြီး ကန့်ကွက်နိုင်မယ်ဆိုခဲ့ရင် .........

အခုလို စော်ကားမော်ကား အရေးအသားပေါ်မှာ USDP / NLD / 88 နဲ့ တခြား ဘယ်အဖွဲ့အစည်းကမှ ဘာအသံမှ ထွက်မလာပဲ ကျွန်တော်တို့ ၊ ခင်ဗျားတို့တွေကသာ Facebook ပေါ်မှာ လက်တိုအောင်ရေးကြ၊ ကီးဘုတ်ပျက်အောင် ရေးနေကြရတာတွေဟာ တစ်မျိုးတစ်ဖုံ ကသိကအောက် ဖြစ်စေရပါတယ်။

ဒါကြောင့် သူတို့ကိုပါ ကျွန်တော်တို့နဲ့ ထပ်တူ ဖြစ်အောင် ဆွဲခေါ်လာနိုင်ခဲ့ရင်..
တရားဝင် ကန့်ကွက်နိုင်ခဲ့မယ် ဆိုရင်... ကျွန်တော်တို့ ပစ်တဲ့ကျည်ဆံ ပစ်မှတ်ကို ထိပါပြီ။

မီဒီယာကို အားမကိုးနိုင်ဘူးလား.. ?

ဟုတ်ကဲ့..။ မီဒီယာသမားတစ်ယောက်အနေနဲ့ မြင်မိသလောက် ပြောရရင် အားကိုးလို့ မရနိုင်ပါ။ eleven ဘယ်လောက်ရေးရေး ၊ တခြား နာမည်ကြီး ဂျာနယ် ၊ သတင်းစာတွေ ဘယ်လောက်ရေးရေး Time အတွက်ကတော့
အေးဆေးပါ။ ဆင်ကို ပဲစေ့နဲ့ပေါက်သလို ဖြစ်နေမှာပါဘဲ။ အနိမ့်ဆုံးအဆင့် ဘန်ကောက်ပို့စ်လို သတင်းစာမျိုးက ရေးမှသာလျှင် ကမ္ဘာက အာရုံစိုက်မိမှာပါ။ ဒါကြောင့် ပြည်တွင်း ဂျာနယ်တွေ ၊ သတင်းစာတွေကို အားကိုးလို့
မရနိုင်ပါ။ ဧရာဝတီ ၊ ဒီဗီဘီ .. နိုးပါ...။ မဇ္ဇိမ.... ရေးလို့ ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် ကန့်သက်ချက်ပေါင်းများစွာနဲ့ စိတ်ရှိတိုင်း ရေးဖို့ မလွယ်ပါ။ ကျွန်တော်ကိုယ်တိုင်လဲ ရေးချင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ကျွန်တော်တို့
သတင်းဌာနက နေ့စဉ်သတင်းစာအတွက် ရုန်းကန်နေရဆဲဖြစ်တာကြောင့် hot issue တွေဘက်ကို ထင်သလောက် ဦးမလှည့်နိုင်သေးပါ။ ကျွန်တော်ကိုယ်တိုင်လဲ ဆုံးဖြတ်ချက် ချနိုင်တဲ့ ရာထူးမျိုး မဟုတ်တာကြောင့်
ဖိအားမပေးနိုင်ပါ။ ဒါကြောင့် လက်ရှိ ပြည်တွင်း ၊ ပြည်ပ မီဒီယာတွေကို ကျွန်တော်တို့ အားကိုးလို့ မရနိုင်ပါ။

ဒါဖြင့်.. မင်းဟာကြီးက ဘာကြီးတုန်းဟ မေးမည်ဆိုသော်...

၁။ Facebook ပေါ်မှာ ရေးနေမည့်အစား ထိရောက်သော နည်းလမ်းများဖြင့် တုံ့ပြန်နိုင်အောင် ကြိုးစားပါ။ ( ဥပမာ - Time မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း ၀ဘ်ဆိုက်မှာ ကွန်မန့်များ ရေးခြင်း ၊ မေးလ်ပို့ခြင်း )

၂။ လက်ရှိ အာဏာရ အစိုးရနှင့်ပါတီကို ယခုကိစ္စအား နိုင်ငံတော်အဆင့်ဖြင့် တုံ့ပြန်စေရန်အတွက် ဖိအားပေးခြင်း။ ( ဥပမာ - ရဲစခန်းမှာ ခွင့်တောင်းပြီး မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြပါ။ ဥပဒေဘောင်အတွင်းက ထိရောက်အောင်လုပ်ပါ။ )

၃။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD / 88 အဖွဲ့တို့ကို ဖိအားပေးပါ။ မိမိတို့နှင့် လက်တွဲပါဝင်လာစေရန် တောင်းဆိုပါ။ ဒီအဖွဲ့တွေရဲ့ အားဟာ အစိုးရထက်ပိုပြီး နိုင်ငံတကာကို ဖိအားပေးနိုင်ပါတယ်။

၎။ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာ ရင်းမြစ်နဲ့ ရှေ့ဆက်လျှောက်ရမယ့် လမ်းကို စုပေါင်းတိုင်ပင်ပါ။ လိုင်ဇာထိတောင် လမ်းလျှောက်နိုင်ကြသေးတာပဲ။ ကမ်းပိန်း တစ်ခုလုပ်ဖို့ဆိုတာ မြန်မာပြည်မှာ သိပ်လွယ်ပါတယ်။

၅။ နောက်ဆုံးအချက်အနေနဲ့ ( သင့်ကြောင့် မီးမလောင်ပါစေနဲ့ ဆိုသလို ) ကိုယ့်ကြောင့် ဘာသာရေးအဓိကရုဏ်းများ မဖြစ်စေရန် မိမိကိုယ်မိမိ ထိန်းသိမ်းပါ။

ကိုယ်ရေးလိုက်တဲ့ စာတစ်ကြောင်းကြောင့် မြန်မာပြည် မီးဟုန်းဟုန်း တောက်သွားနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ လိပ်ပြာလှိုင်း သီအိုရီ ကို ခေါင်းထဲအမြဲ ထည့်ထားပါ။

Facebook ပေါ်မှ စာဖတ်သူများ ခေါင်းအေးအေးနှင့် ရှေ့ဆက်လှမ်းနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းလျက်..

ထက်နေ
From:အဘ ထက်နေ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D