သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, June 25, 2013

သံဃာတော်က ပြောတဲ့ သံဃာ့အကြောင်း။


သံဃာတော်က ပြောတဲ့ သံဃာ့အကြောင်း။

ပုဂ္ဂလိက ခံစားချက်လေး ပြောဦးမယ်။ ဦးဇင်းတို့ ဗုဒ္ဓဘာသာ ကိုယ်တိုင် အဆင့်အတန်းတွေ ကွဲမှန်း မသိ ကွဲကုန်ကြပြီ၊ အခုလက်ရှိ အနေအထားကိုကြည့် ..... ချမ်းသာတဲ့ ဘုန်းကြီး၊ ဘုန်းကြီးတဲ့ ဘုန်းကြီးတွေ အနားမှာကြည့် ဘယ်သူတွေ ၀ိုင်းနေတာလဲ။ ဆင်းရဲတဲ့သူတွေ ကပ်နိုင်ရဲ့လား၊ ဝေလာဝေး သဘောရိုးနဲ့ ကပ်ရင်တောင် မရှိခိုးနိုးနိုးနဲ့ ကြည့်ကြတာမို့လား။ အဲဒါ ဘာတွေ ဖြစ်လာလဲ။
များသောအားဖြင့်....ပညာတတ်တဲ့ဘုန်းကြီး၊ ချမ်းသာတဲ့ဘုန်းကြီး၊ ဘုန်းကြီးတဲ့ ဘုန်းကြီးတွေဟာ ပညာတတ်၊ ဥစ္စာချမ်းသာတဲ့ လူတွေ အတွက် သီးသန့်ဖြစ်သွားတယ်။ ပညာမဲ့ ပစ္စည်းမဲ့ ရဟန်းတော်တွေကတော့ ပညာမဲ့ ပစ္စည်းမဲ့ လူတွေအတွက် အလိုအလို အော်တို ဖြစ်သွားတယ်။

ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ... နှစ်ဘက်လှ ဦးကျော်လွင်ဆိုတာ ရှိပါတယ်။ အရင် နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) မှာ တာဝန်ထမ်းဆောင်ပါတယ်။ သူ့ရဲ့ ဇနီးမယားက အစ္စလာမ်ဘာသာဝင်ပါ။ နောက်ပိုင်းမှာတော့ သူ့ရဲ့ ဇနီးမယား မိသားစုတွေ အားလုံး ဗုဒ္ဓဘာသာ ဖြစ်သွားပါတယ်။ အခြားသော သာဓကတွေလဲ ရှိပါတယ်။ ပတ်ဝန်းကျင်မှာ လေ့လာကြည့်ပါ့ ဗုဒ္ဓဘာသာ အမျိုးသားနဲ့ အစ္စလာမ် အမျိုးသမီး၊ အစ္စလာမ် အမျိုးသားနဲ့ ဗုဒ္ဓဘာသာ အမျိုးသမီး လက်ထပ် ထိမ်းမြားကြတာတွေ အများကြီး ရှိနေပါတယ်။ အားလုံးလဲ ဗုဒ္ဓဘာသာ မဖြစ်လာသလို၊ အားလုံးလဲ အစ္စလာမ်ဘာသာဝင် ဖြစ်မသွားပါဘူး။ အားလုံး အစဉ်ပြေကြတယ်လို့ ပြောလို့ မရသလို၊ အားလုံး အစဉ်မပြေဘူးလို့လဲ ပြောမရပြန်ဘူး။

မြတ်စွာဘုရားက ဟောထားပြီးသားပါ...

သမသဒ္ဓါ - တူမျှသော သဒ္ဓါတရား ရှိကြရမယ်၊
သမသီလာ - တူမျှသော သီလရှိ ကြရမယ်၊
သမစာဂါ - တူမျှသော စွန့်ကြဲမှုရှိ ကြရမယ်၊
သမပညာ-တူမျှသော ပညာရှိ ကြရမယ်၊
အဲဒီလိုမှ မတူဘူးဆိုရင် ... အဲဒီအိမ်ထောင်ရေးဟာ မသာယာနိုင်ပါဘူး၊ အစဉ်မပြေနိုင်ပါဘူး။

အဲဒါဟာ ဘာသာခြားနဲ့ အိမ်ထောင်ပြုတဲ့သူတွေမှာ တွေ့ကြုံရနိုင်သလို၊ ဘာသာတူခြင်းမှာလဲ တွေ့ကြုံရနိုင်ပါတယ်..၊ ဥပမာ ဇနီးမယားက ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းတယ် .. အိမ်သားဖြစ်တဲ့သူက အရက်ကလေးသောက်၊ ဖဲလေးရိုက်၊ မိန်းမကဲ လိုက်စားလိုက်သေးဆိုရင် ဘာသာတူခြင်းလဲ အစဉ်မပြေနိုင်သလို၊ ဘာသာခြားနဲ့လဲ အစဉ်မပြေနိုင်ပါဘူး။

အဲဒီလို မဟုတ်ပဲ အိမ်သားက ငါးပါးသီလကို အသက်တမျှ လိုက်နာစောင့်ထိန်းတယ်၊ အိမ်သူဖြစ်တဲ့သူက အရပ်တကာလှည့် အတင်းပြော၊ တွေ့တဲ့ယောကျာ်းတိုင်းကို ကြာ ကြည့်ကြည့် နေရင် အဲဒီ အိမ်ထောင်ရေးလဲ မသင့်မြတ်နိုင်ပါဘူး။ ဘာသာတူခြင်းကော မတူခြင်းကို မသင့်မြတ်နိုင်ပါဘူး။

မိမိ၏ ပုဂ္ဂလိက အမြင်အရပြောရရင်တော့ ... အစ္စလာမ်ဘာသာဝင်တွေထဲမှာလဲ...လူတိုင်း အိမ်ထောင်ရေးအစဉ်ပြေနေတယ်လို့ ထင်ပါသလား။ မထင်ပါနဲ့....အိမ်ထောင်ရေး အစဉ်မပြေတဲ့ အစ္စလာမ်ဘာသာ ၀င်တွေ အများကြီးပါ။ ဗုဒ္ဓဘာသာ အတူတူချင်းကော လူတိုင်းရဲ့ အိမ်ထောင်ရေးက အစဉ်ပြေနေတယ်လို့ ထင်ပါသလား၊ မထင်ပါနဲ့...အစဉ်မပြေတာတွေ ထုနဲ့ ဒေးပါ။

ဘာဖြစ်လို့ပါလဲ...လူတွေမို့ပါ။

အဲဒီတော့ ကိုယ့်ဗုဒ္ဓဘာသာဝင်တွေကို အစ္စလာမ်ဘာသာဝင် မဖြစ်စေချင်ရင်...ဘာသာတရားကို သေသေချာချာနားလည်အောင် သင်ပေးရမယ်၊ ဘာသာတရားနဲ့ ပါတ်သက်ရင် ယုံကြည်ချက် ခိုင်မာလာအောင်၊ ဘာနဲ့ပဲ စွယ်စွယ် ... တစ်ခြားဘာသာတရားကို ပြောင်းမသွားအောင် တရားနည်းလမ်းကျကျ သွန်သင်ဘို့၊ ညွှန်ပြဘို့ ဆုံးမဘို့ ဆိုတာ ... ဦးဇင်းတို့ သာသနာ့ ၀န်ထမ်း ရှင်ရဟန်းတွေရဲ့ တကယ့်တာဝန် တွေပါပဲ။

အဲဒီလို မဟုတ်ပဲ ... မိမိဘာသာမှ တစ်ခြားဖြစ်တဲ့ ဘာသာတရားတွေကို ကောင်းတယ်၊ မကောင်းဘူး၊ မှားတယ်၊ မှန်တယ် ဝေဖန်ပုတ်ခတ်နေတာ လူတော်လူကောင်းတွေရဲ့ အလုပ်မဟုတ်ပါဘူး။ ပိဋကတ်သုံးပုံထဲမှာလဲ ကြည့်ကြည့်ပါ ... မြတ်စွာဘုရားရှင်က ကိုးကွယ်မှု မတူတဲ့သူတွေကို ဘယ်တုန်းကမှ ပုတ်ခတ်ဟောပြောတာ မရှိခဲ့ပါဘူး။ အဲဒီလို ဟောဘို့လဲ စိတ်ဖြင့်တောင် ကြံစည်တော် မမူပါဘူး။ အထူးသဖြင့် အစ္စလာမ် ဘာသာ၊ ခရစ်ယာန်ဘာသာတွေ ဗုဒ္ဓဘုရား ပွင့်ပေါ်တော်မူတဲ့ အချိန်က မပေါ်ပေါက်သေးတော့ ... ပိုလို့တောင် မပြောခဲ့သေး၊ မဟောခဲ့သေးတယ်။ မပေါ်သေးလို့ မဟောတာ ပေါ်ရင် ဟောခဲ့မှာလို့တော့...မပြောလေနဲ့၊ ပြောရင် ဗုဒ္ဓကို မယုံကြည်တဲ့သူပဲ။ ဗုဒ္ဓရဲ့ ဓမ္မဒိဌာန်ကျလှတဲ့ တရားတော်တွေဟာ သတ္တ၀ါ အားလုံးအတွက်...ဒို့ဗုဒ္ဓဘာသာဝင်တွေအတွက်ပဲ လို့ မယူဆပါနဲ့။ အဲဒီတော့....လူတိုင်းနားလည်လာအောင် ကိုယ်တိုင်လည်း ကျင့်၊ ကျင့်နိုင်အောင်လဲ သင်ပြပေးရမှာ ဗုဒ္ဓရဲ့ တပည့်တွေရဲ့ တာဝန်ပါ။

တစ်ချို့က ပြောကျတယ် ... အစ္စလာမ် ဘာသာဝင်တွေကို ဗလီတွေကနေ ထောက်ပံ့တယ်တဲ့ .. ကဲ ထောက်ပံ့တယ်ထားဦး၊ ဘယ်လိုပုံစံနဲ့ပဲ ထောက်ပံ့ ထောက်ပံ့ .. ဒါက သူတို့အလုပ်၊ အဲဒီတော့ ... ဦးဇင်းတို့ ဗုဒ္ဓဘာဝင်တွေကတော့ သူတို့နည်းတူ ကိုယ့်ဗုဒ္ဓဘာသာ အချင်းချင်း မထောက်ပံ့သင့်ဘူးလား။ ထောက်ပံ့သင့်တယ်လို့ကော အကြံမဖြစ်ကြဘူးလား၊ အခုကြတော့ ဦးဇင်းတို့က သူများထောက်ပံ့တာကို (ဟုတ်မှန်းမသိ၊ မဟုတ်မှန်းမသိ) အပြစ်လိုက်ပြောနေကြတယ်။ ဒို့လဲ သူတို့လို ထောက်ပံ့သင့်တယ်လို့ စဉ်းစားတဲ့လူ၊ တွေးခေါ်တဲ့လူ မတွေ့သလောက် ရှားတယ်။ တလွှဲ ဆံပင်ကောင်းနေကြတာ မဟုတ်ဘူးလား။

ပုဂ္ဂလိက ခံစားချက်လေး ပြောဦးမယ်။ ဦးဇင်းတို့ ဗုဒ္ဓဘာသာ ကိုယ်တိုင် အဆင့်အတန်းတွေ ကွဲမှန်း မသိကွဲကုန်ကြပြီ၊ အခုလက်ရှိ အနေအထားကိုကြည့်.....ချမ်းသာတဲ့ ဘုန်းကြီး၊ ဘုန်းကြီးတဲ့ ဘုန်းကြီးတွေ အနားမှာကြည့် ဘယ်သူတွေ ၀ိုင်းနေတာလဲ။ ဆင်းရဲတဲ့သူတွေ ကပ်နိုင်ရဲ့လား၊ ဝေလာဝေး သဘောရိုးနဲ့ ကပ်ရင်တောင် မရှိခိုးနိုးနိုးနဲ့ ကြည့်ကြတာမို့လား။ အဲဒါ ဘာတွေ ဖြစ်လာလဲ။ များသောအားဖြင့် .... ပညာတတ်တဲ့ ဘုန်းကြီး၊ ချမ်းသာတဲ့ ဘုန်းကြီး၊ ဘုန်းကြီးတဲ့ ဘုန်းကြီးတွေဟာ ပညာတတ်၊ ဥစ္စာချမ်းသာတဲ့ လူတွေ အတွက် သီးသန့်ဖြစ်သွားတယ်။ ပညာမဲ့ ပစ္စည်းမဲ့ ရဟန်းတော်တွေ ကတော့ ပညာမဲ့ ပစ္စည်းမဲ့ လူတွေအတွက် အလိုအလို အော်တို ဖြစ်သွားတယ်။ မဟုတ်ဘူးလို့ ငြင်းချင်လဲ ငြင်းနိုင်ပါတယ်။ ဘုန်းကြီး အချင်းချင်းတောင် ... ဗေဒင်ဟောလို့ပဲ ချမ်းသာ ချမ်းသာ၊ တရားဟောလို့ပဲ ချမ်းသာ ချမ်းသာ ဘုန်းကြီးလို့ပဲ ချမ်းသာ ချမ်းသာ၊ စီးပွားရေးလုပ်လို့ပဲ ချမ်းသာ ချမ်းသာ အဲဒီလို ချမ်းသာတဲ့ ဘုန်းကြီးက နာမည်ကြီးတဲ့ ဘုန်းကြီးက ဘယ်လောက်ပဲ ၀ိနည်းလေးစား လေးစား၊ ဘယ်လောက်ပဲ စာတတ်တတ် ထည့်ကို မတွက်တာ။

အချုပ်ပြောချင်တာကတော့ သူများဘာသာတရားတွေ ကောင်းတာ မကောင်းတာကို ဝေဖန်မနေပဲ..

ဒီကနေ့ တကယ်တန်း သာသနာပြုနည်း အမှန်ဖြစ်တဲ့ (မိမိ အယူအဆ) ဓမ္မစကူးလ်ဖေါင်းဒေရှင်းလုပ်ငန်းတွေကို ဘယ်သူလုပ်တာမို့လို့ စတဲ့ကျဉ်းမြောင်းတဲ့ အတ္တစွဲတွေ ဖယ်ပြီး ၀ိုင်းဝန်းအားပေးကြပါစို့လို့ .... ဆန္ဒပြုရင်း …..

လူတိုင်းလူတိုင်း ဓမ္မဒိဋ္ဌာန်ကျကျ တွေးခေါ်မျှော်မြင်နိုင်ကြပါစေ။

(အရှင် အဂ္ဂပဏ္ဍိတ)။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D