သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 30, 2013

သံတွဲမြို့တွင် အကြမ်းဖက်မှု ဖြစ်ပွား၍ ညမထွက်ရ အမိန့်ထုတ်

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ယနေ့ ညနေပိုင်းက အကြမ်းဖက်မှုတခု ဖြစ်ပေါ်ခဲ့သဖြင့် ယခုအခါ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

“ ဘယ်က စဖြစ်လည်းဆိုတော့ တောင်ကုတ်က မိန်းကလေးတစ်ယောက်ကို သံတွဲ စပယ်လမ်း မူဆင်နှစ်ဦး မုဒိန်းကျင်ခံရတယ်ဆိုပြီး သတင်းထွက်ပေါ်လာရာကနေ စဖြစ်တာပါ။ အမျိုးသမီး နာမည်တော့မသိဘူး။ ညိုညင်ဆိုတဲ့ ရွာက ဖြစ်ပါတယ်။ မုဒိန်းကျင့်တဲ့ မူဆလင်တစ်ယောက်ကိုတော့ ရဲစခန်းမှာ ဖမ်းမိ ထားပြီး နောက်တယောက်တော့ လွတ်နေသေးတယ်။” ဟု သံတွဲမြို့ခံ တစ်ဦးကပြောသည်။

ယခုကဲ့သို့ ရခိုင်အမျိုးသမီးငယ်တစ်ဦး မုဒိန်းကျင်းခံသည့်သတင်းမှာ ချက်ချင်းပျံ့နှံ့သွားပြီး သံတွဲမြို့တွင် အုပ်စု လိုက် တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်းသိရသည်။

ယနေ့ဖြစ်ပွားသည့် ဆူပူမှုမှာ ညနေ ၅ နာရီခန့်တွင် စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ညနေ ၇ နာရီခန့်တွင် အပြန်အလှန် တိုက်ခိုက်မူများ စတင် ဖြစ်ဖွားကြောင်း သိရသည်။

နှစ်ဘက်တိုက်ခိုက်မှုများကြောင်း မြို့စွန် ရပ်ကွက်များထဲမှ စားသောက်ဆိုင် ၂ ဆိုင် ပျက်ဆီးသွားပြီး ကားဂိတ် ၂ ခုတွင်လည်း ပျက်စီးမှုတချို့ရှိကြောင်း သိရသည်။

ညနေ ၉ နာရီခန့်တွင် တစ်ခြားသံတွဲမြို့ခံ တစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ ယခုအခါ တပ်က ရောက်ရှိနေပြီး သံတွဲမြို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း ပြောဆိုသည်။

တချို့နေရာများတွင် မီးစတင်လောင်ကျွမ်းနေကြောင်းပြောဆိုသော်လည်း အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ယနေ့ဖြစ်ပွားသည့် သံတွဲဆူပူမှုမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း အုပ်စုလိုက် ဆူပူမှုဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်တွင် တည်ငြိမ်စပြုနေရာမှ နောက်ထပ်အုပ်စုလိုက် ဆူပူမှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

မောင်အေး - နိရဉ္စရာ သတင်းဌာန

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D