ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တစ်ခုတည်းသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် KIO အဖွဲ့နှင့် ဇူလိုင်လ အတွင်းတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိကြောင်း အဆိုပါကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ၂၈ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “KIA အဖွဲ့က ဖွဲ့စည်းထားတဲ့ Technical Team နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီက Technical Team တို့ ဇွန်လပထမအပတ်မှာ အရင်ဆွေးနွေးမယ်။ အဆင်ပြေရင်တော့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်” ဟု ဦးအောင်မင်းက ဆိုသည်။ KIO အဖွဲ့နှင့် အစိုးရတို့အကြား မေလတွင် ရေးထိုးထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ပဏာမသဘောတူချက် ရှစ်ချက်အရ တိုက်ပွဲများ လျှော့ချထားနိုင်ပြီး ယခုလအတွင်းတွင် တိုက်ပွဲများ ဖြစ်ပွားထားခြင်း မရှိကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
From:ခေတ်လူငယ်
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...