သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 1, 2013

ခင်ပွန်း ရဲ့  ငယ်ပါ ဖြတ်တဲ့ အမျိုးသမီး ထောင်ဒဏ်တစ်သက်အပြစ်ပေး

ခင်ပွန်း ဖြစ်သူ အိပ်ပျော်နေစဉ်မှာ ငယ်ပါကို ဓားနဲ့  ဖြတ်ပြီး အမှိုက်ပုံးထဲ လွှတ်ပစ်ခဲ့တဲ့ အသက် ၅၀ နှစ် အရွယ် ကတ်သရင်းကူရ် ကို ကာလီဖိုးနီးယား ခရိုင် Orange County တရားရုံးက ထောင်ဒဏ်တစ်သက် ချမှတ်လိုက် ပါတယ်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှာ လက်ထပ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လမှာ ခင်ပွန်းဖြစ်သူ အိပ်ပျော်နေခိုက် ခြေတွေ ၊ လက်တွေကို ကုတင်တိုင်နဲ့ တုပ်ချီ နိုးလာတဲ့အချိန်ကျတော့ ဘောင်းဘီကို ဆွဲချွတ်ပြီး ငယ်ပါ ကို ဓားနဲ့  ဖြတ်ခဲ့ တာ ဖြစ်ပါတယ်။ ခင်ပွန်း က နိုးလာပြီး သူ့ရဲ့  ပြတ်သွားတဲ့ ငယ်ပါကို ပြန်ပေးဖို့  အော်ဟစ်တောင်းဆို ပေမယ့်လည်း ကတ်သရင်းကအမှိုက်ပုံးထဲ လွှတ်ပစ်ပြီး ဖြစ်နေပါပြီ။

ငယ်ပါ ကို မဖြတ်ခင်မှာ ကတ်သရင်းနဲ့  သူ့ ခင်ပွန်း ဟာ သူငယ်ချင်း ဖြစ်သူ အိမ်မှာ ခေတ္တ လာတည်းမယ့် အရေးအတွက် အခြေအတင် စကားများခဲ့ကြပါတယ်။ နောက်တော့ သူ့ ခင်ပွန်းက အိပ်ယာအရင်ဝင် သွားခဲ့ ပါတယ်။

ကတ်သရင်းကပဲ ဆေးရုံကို ဖုန်းဆက်ပြီး ငယ်ပါအဖြတ်ခံရလို့  သွေးထွက်နေတဲ့ သူ့ ယောင်္ကျားကို အရေးပေါ် ယာဉ်နဲ့  ဆေးရုံကို ပို့ခဲ့ပါတယ်။

နောက် တစ်လအကြာမှာတော့ အသက် ၆၀ အရွယ် ခင်ပွန်း က တရားစွဲ ဆိုပြီး သူတို့  နှစ်ဦးကွာရှင်းခဲ့ ပါတယ်။

ဗီယက်နမ် မှာ မွေးဖွားခဲ့တဲ့ ကတ်သရင်း ကို ထောင်တွင်း နေထိုင်မှု ခုနှစ်နှစ်ပြည့်မှ ခံဝန်ကတိနဲ့  လွှတ်ပေး ရမယ်လို့လဲ တစ်ပါတည်း အမိန့် ချမှတ်ခဲ့ပါတယ်။

မွေးရာပါ ဆုံးရှုံးခဲ့တဲ့ ခင်ပွန်း ရဲ့  နာမည်ကို တော့ တရားရုံးက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

ဒီအဖြစ်အပျက်ဟာ ၁၉၉၃ ခုနှစ် က John Wayne Bobbitt ကို သူ့ မိန်းမက ရှစ်လက်မရှည်တဲ့ ဓားနဲ့ ငယ်ပါကို ဖြတ်ပြီး ကားပြတင်းပေါက်ကနေ လွှတ်ပစ် ခဲ့တဲ့အဖြစ်အပျက်နဲ့ တူတယ်လို့ ဆို ကြပါတယ်။ အဲဒီတုန်းကတော့ တရား သူကြီးက ဘောဘစ် ကို မူမမှန် ရူးသွပ်မှုနဲ့  ပြစ်ဒဏ်က ကွင်းလုံးကျွတ် လွတ်စေခဲ့ ပါတယ်။ ငယ်ပါ ကိုလည်း ကားလမ်းဘေးမှာ ပြန်တွေခဲ့ပြီး ခွဲစိတ် ကုသကာ ပြန်ဆက်နိုင်ခဲ့ပါတယ်။

Freedom News Group(Burma)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D